Wednesday, September 2, 2015
3:01 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
သရက် စက်တင်ဘာ ၁
မကွေးတိုင်းဒေသကြီး သရက်ခရိုင်အတွင်း (၆)မြို့ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ၂၀၁၅ခုနှစ်
မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို မေ(၂၇)ရက်က စတင်ထုတ်ချေးပေလျှက်ရှိပြီး သြဂုတ် ၂၈ ရက် နေ့ အထိ ထုတ်ချေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ချေးငွေများကို သရက်မြို့နယ်အနေဖြင့် ကျေးရွာ(၅၄)အုပ်စုအတွက် အစုအဖွဲ့(၂၃၇၄) အဖွဲ့ဝင် ဦးရေ(၆၉၆၀)ဦးအတွက် စပါးနှင့် သီးနှံစုံ(၂၇၁၉၂)ဧကအတွက်ထုတ်ချေးငွေ ကျပ်သိန်း (၁၄၁၀၀)၊ ကံမမြို့နယ် ရုံး အနေဖြင့် ကျေးရွာ အုပ်စု(၅၁)အုပ်စု အစုအဖွဲ့(၂၄၁၉) အဖွဲ့ဝင်ဦးရေ(၇၁၉၅)ဦး
အတွက် စပါးနှင့် သီးနှံစုံ (၂၀၇၇၂)ဧကအတွက်ချေးငွေကျပ်သိန်း(၁၈၉၀၀) ၊ မင်းတုန်းမြို့နယ် ရုံး အနေဖြင့် ကျေးရွာ(၅၈)အုပ်စု အတွက် အစုအဖွဲ့(၁၆၅၂) အဖွဲ့ဝင်ဦးရေ(၄၈၉၅)ဦးအတွက် စပါးနှင့် သီးနှံမျိုးစုံ(၁၁၁၉၀၀)ဧကအတွက် ထုတ်ချေးငွေ ကျပ်သိန်း(၉၉၅၅့၆၀)၊မင်းလှ မြို့နယ်ရုံးအနေဖြင့်
ကျေးရွာ(၃၉)အုပ်စု၊ အစုအဖွဲ့ (၁၀၁၈)၊အဖွဲ့ဝင်ဦးရေ(၂၉၈၃)ဦး အတွက် စပါးနှင့် သီးနှံမျိုးစုံ (၁၈၄၇၈)ဧကအတွက်ထုတ်ချေးငွေ ကျပ်သိန်း(၆၃၅၀)၊ဆင်ပေါင်ဝဲမြို့နယ်ရုံး အနေဖြင့်
ကျေးရွာ(၄၈)အုပ်စု ၊အစုအဖွဲ့(၄၂၃၁)၊အဖွဲ့ဝင်ဦးရေ (၁၂၄၃၅)အတွက် စပါးနှင့် အခြားသီးနှံမျိုးစုံ (၇၇၉၄၉)ဧက အတွက် ထုတ်ချေးငွေ ကျပ်သိန်း(၂၆၉၉၅့၄၀) နှင့် အောင်လံမြို့နယ် ရုံးအနေဖြင့် ကျေးရွာ(၉၇)အုပ်စု၊ အစုအဖွဲ့(၁၈၂၀၅)၊အဖွဲ့ဝင်ဦးရေ(၁၉၁၀၁)ဦးအတွက် စပါးနှင့်သီးနှံ
မျိုးစုံ(၁၁၆၃၃၄)ဧက အတွက် ထုတ်ချေးငွေ ကျပ်သိန်း(၄၉၇၃၃့၂၀)ထုတ်ချေးဆောင်ရွက်ပေးခဲ့ပြီး
ချေးငွေအပေါ် အတိုးနှုန်းများမှာ တစ်နှစ်လျှင် ငါးရာခိုင်နှုန်း သာဖြစ်ပြီး ငွေကျပ် ၁၀၀ အပေါ် တစ်လအတိုးနှုန်းမှာ ၄၂ ပြားသာ ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာထံမှ သိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment