Tuesday, September 1, 2015
2:28 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
ပေါက် သြဂုတ် ၃၁
မြို့ပေါ်(၄)ရပ်ကွက်နှင့် မြို့နယ်အ တွင်းရှိ ကျေးရွာများမီးဘေးအန္တရာယ်ကြုံတွေ့လာပါက
သွက်လက်မြန်ဆန် စွာ အလွယ်တကူငြိမ်းသတ် ဆောင် ရွက်လုပ်ကိုင်နိုင်စေရန်အတွက် တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ပံ့ပိုးကူညီထောက်ပံ့မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှမြို့ နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ ဝင် များအားမီသတ် ဝတ်စုံပေးအပ်ပွဲအခမ်း အနားကို သြဂုတ်( ၃၁) ရက် နံနက် (၈) နာရီကပေါက်မြို့နယ် အထွေထွေ အုပ် ချုပ်ရေးဦးစီးဌာန အစည်းအဝေးခမ်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ် ရေးမှူး ဦးသန်းအောင် ကမီးသတ်ဝတ် စုံများ ပေးအပ်ခြင်းနှင့်ပတ်သက်၍ အ မှာ စကားပြောကြားပြီးမြို့နယ်အတွင်း ရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်(၁၅၁၁)ဦး အား မြို့နယ်အုပ်ချုပ်ရေးမှူး မြို့နယ်ရဲ တပ်ဖွဲ့ မှူးရဲမှူးသန်းအေးနှင့်မြို့နယ် မီး သတ်ဦးစီးမှူးတို့က မီးသတ်ဝတ်စုံတစ်စုံစီ ပေးအပ်ခဲ့ရာ တာဝန်ရှိ သူများက လက်ခံရယူခဲ့သည်။
အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေး မှူး မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့များ မြို့နယ်မီးသတ်ဦးစီမှူးနှင့်အဖွဲ့များ မြို့ နယ်မီးသတ်တပ်ဖွဲ့ဝင်များ ရပကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်ဝန် ထမ်းများတက်ရောက်ခဲ့ကြသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment