၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့ခန့်က မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ သာစည်ကျေးရွာနေ မြင့်ခိုင်(၃ဝ)နှစ်သည် ဖခင်၏ဇာတိဖြစ်သော ဂန့်ဂေါမြို့နယ်၊ ဟံသာဝတီကျေးရွာသို့ ဆိုင်ကယ်ဖြင့် အလည်ထွက်သွားခဲ့ပြီး ဟံသာဝတီကျေးရွာမှ အရက်သေစာ သောက်စား မူးယစ်၍ သာစည်ကျေးရွာသို့ ပြန်လာစဉ် ဂန့်ဂေါ-ကလေး ကားလမ်း မိုင်တိုင်အမှတ်၊ ၂၅/၃ နှင့် ၂၅/၄ အကြား ရှိ ရေကျော်တံတားအမှတ် ၂၆/၁ ကားလမ်းအကွေ့ ဝဲဘက်ခြမ်းရှိ အကျယ် (၄)ပေ၊ အနက် (၅)ပေခန့် ရှိသည့် ချောက်ထဲသို့ အရှိန်မထိန်းနိုင်ဘဲ ဆိုင်ကယ်နှင့်လူ ပြုတ်ကျပြီး သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် ယာဉ်အား မဆင်မခြင်မောင်းနှင်သူမြင့်ခိုင်အား ဂန့်ဂေါမြို့နယ်၊ ကန်နယ်မြေရဲစခန်း ယာဉ်(ပ)၁၆/၂ဝ၁၅ ၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ဝ၄-က အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိ ကြောင်း သတင်းရရှိပါသည်။
Thursday, September 10, 2015
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment