၂၀၁၅ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့ နံနက် (၁၁) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ၊ ချောက်မြို့နယ်၊ ထိန်ကန်ကျေးရွာနေ ကျော်ဦး (၄၇)နှစ်၏ နေအိမ်တွင် နှစ်လုံး/သုံးလုံးထီ များရောင်းချ ၊နေကြောင်း သတင်းအရ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် မျိုးနိုင်နှင့်ပူးပေါင်း အဖွဲ့သည် သက်သေများနှင့်အတူ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ လောင်းကစားဖမ်းဝရမ်းအမှတ် (၁၃/၂ဝ၁၅)ဖြင့် ဝင်ရောက်ရှာဖွေရာ နှစ်လုံးထီ၊ သုံးလုံးထီလောင်းကစားရာတွင် အသုံးပြုသော စာရွက်စာတမ်းနှင့် အတူ ငွေစက္ကူရောရာ ၄၁၆,၂၅ဝိ/-တို့အား သိမ်းဆည်းရမိခဲ့သဖြင့် ကျော်ဦးအား ချောက်မြို့နယ်၊ မြို့မရဲစခန်း (ပ) ၁၄၉/၂ဝ၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က)အရ အမှုဖွင့်အရေးယူ ဆောင်ရွက် လျှက် ရှိ ကြောင်း သတင်းရရှိပါသည်။
အလားတူ ၎င်းနေ့ ညနေ (၃း၁၅) နာရီအချိန်တွင် မကွေးမြို့၊ မကွေးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မကွေးမြို့၊ မြို့ဟောင်းအမှတ်(၂)ရပ်ကွက်နေ ဦးသန်းထွန်း (၅၆)နှစ်၏ နေအိမ် တွင် နှစ်လုံး/သုံးလုံးထီ လောင်းကစားမှုပြုလုပ်နေကြောင်း သတင်းအရ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး ၏ လောင်းကစားဖမ်းဝရမ်းအမှတ်(၅၃/၂ဝ၁၅)ဖြင့် ဝင်ရောက်ရှာဖွေရာ ဦးသန်းထွန်းမှ နေအိမ်ရှေ့ ခြံစည်း ရိုးတံခါးအား သော့ခတ်ထားပြီး ဖွင့်မပေးသဖြင့် တွန်းဖွင့်၍ ဝင်ရောက်ရှာဖွေရာ သုံးလုံးထီ လောင်း ကစား ရာတွင် အသုံးပြုသည့် စာရွက်စာတမ်းများနှင့်အတူ လောင်းကြေးငွေစက္ကူရောရာ ၆၈,၃ဝဝိ/-အား ရှာဖွေ ၊ တွေ့ရှိသိမ်းဆည်းရမိသဖြင့် သန်းထွန်းအား မကွေးမြို့နယ်၊ မြို့မရဲစခန်း (ပ)၃၅၈/၂ဝ၁၅ ၊ လောင်း ကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ အမှုဖွင့်အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်းသတင်းရရှိပါသည်။


0 comments:
Post a Comment