၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့ နေ့လည် (၁) နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး ၊ မင်းဘူး ခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ရွှေစက်တော်မန်းချောင်းအတွင်း လူတစ်ဦးရေနစ်သေဆုံး ကြောင်း သတင်း အရ ရွှေစက်တော်လုံခြုံရေးရဲကင်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက် စစ်ဆေး ခဲ့ကြောင်း သတင်းရရှိပါသည်။
မင်းဘူး(စကု)မြို့နယ်၊ ကျီးပင်ကန်ကျေးရွာနေ ဦးညွန့်လှိုင်(၅၂)နှစ်သည် ၎င်း၏တူမဖြစ်သူ မခင်သက်နွယ် အား ဘုရားရွာသို့ လိုက်ပို့ရန်အတွက် မန်းချောင်းရေ အနက်(၆)ပေ၊ အကျယ် ကိုက် (၇ဝ)အတွင်းရှိ တရုတ်ဝဲအနီး ရေဖြတ်ကူးစဉ် ဦးညွန့်လှိုင်မှ ချောင်းအတွင်း မျောပါသေဆုံးကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ၎င်းသေဆုံးခြင်းမှာ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် စုံစမ်း စစ်ဆေးနိုင်ရန် မင်းဘူး(စကု)မြို့နယ်၊ စကုနယ်မြေရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၈/၂ဝ၁၅) ဖြင့် ရေးဖွင့်ဆောင်ရွက်လျှက်ရှိကြောင်း သတင်း ရရှိပါသည်။


0 comments:
Post a Comment