Thursday, September 10, 2015

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့ ည (၁၁း၅၀) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး ၊ သရက် ခရိုင် ၊ အောင်လံမြို့၊ ပြည်သူ့ဆေးရုံတွင် ပိုးသတ်ဆေးသောက်၍ သေဆုံးနေသော အမျိုးသမီး အလောင်းရောက် ရှိနေကြောင်း သတင်းအရ အောင်လံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များမှ သွားရောက် စစ်ဆေးခဲ့ကြောင်း သတင်း ရရှိပါသည်။

 သေဆုံးသူမှ အောင်လံမြို့၊ စမ်းချောင်း ရပ်ကွက်နေ မသဇင်(၁၆)နှစ်ဖြစ်ကြောင်းသိရှိရပြီး ည (၉) နာရီ အချိန်ခန့်က နေအိမ်၌ ခင်ပွန်းဖြစ်သူ နေသူအောင်နှင့် စကားများပြီး နေသူအောင်မှာ အိမ် နောက်ဖေးရှိ အိမ်သာသို့ အိမ်သာတက်သွားပြီး အိမ်ပေါ်သို့ပြန်လည်ရောက်ရှိသောအခါတွင် မသဇင် မှာ ပါးစပ်မှ အမြှုပ် များ ထွက်နေကာ သတိလစ်မေ့နေသည်ကိုတွေ့ရှိရပြီး ယာဘက်လက်ထဲ၌ ပိုတက် ပိုးသတ်ဆေးခဲ ထုပ်ပိုး ထားသော အိတ်အခွံအား ဆုပ်ကိုင်လျှက်တွေ့ရသောကြောင့် ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားသဖြင့် ၎င်းသေဆုံးခြင်းသည် ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စုံစမ်းစစ်ဆေးနိုင်ရန် အောင်လံမြို့နယ်၊ မြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၅/၂ဝ၁၅)ဖြင့် ရေးဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း သတင်း ရရှိပါ သည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video