၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့ည (၁၀) နာရီခွဲ ချိန်ခန့်တွင် သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ မင်းတုန်းမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် မင်းတုန်းမြို့၊ အမှတ်(၃)ရပ်ကွက်၊ လမ်းမတော် လမ်းနှင့် ဈေးလမ်းဆုံ အနီးအကွေ့တွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့် အတူ သွားရောက်စစ်ဆေးရာ လမ်းမတော်လမ်းအတိုင်း မင်းတုန်းမြို့မှ မင်းလှမြို့ဘက်သို့ ယာဉ်မောင်း မိုးသူ (၄၃)နှစ်၊ သစ်တပွေရပ်ကွက်နေသူ မောင်းနှင်သည့် YGN 1I/xxxx Hi-Jet ယာဉ်သည် လမ်းအကွေ့ တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ရှိ ကိုမောင်နိုင်၏ နေအိမ် ခြံစည်းရိုး အား ၀င်တိုက်မိပြီး နေအိမ်ဝိုင်း အတွင်းသို့ ထိုးကျတိမ်းမှောက်ကာ လူတွင်ဒဏ်ရာမရရှိဘဲ ယာဉ်၏ ဦးခေါင်းပိုင်းနှင့် ယာဘက်ခြမ်းတို့ ပျက်စီးသွားသဖြင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ မိုးသူအား မင်းတုန်းမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ) ၁၆/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၇၉ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိ ပါသည်။
Friday, September 11, 2015
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment