၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့ည ၆း၄၅ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်၊ နတ်မောက်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေ လှည့်ကင်း ဆောင်ရွက်နေစဉ် အောင်ဆန်းရပ်ကွက်၊ ဘူတာလမ်းဟောင်းနှင့် တန်းမြင့်ကျောင်း လမ်းကြား ထောင့်ရှိ ဦးဌေးဝင်း ၏နေအိမ် အနီးအရောက်တွင် ဦးဌေးဝင်း၏ နေအိမ်ဝိုင်းအတွင်းရှိ မန်ကျီးပင် ပေါ်တွင် မသင်္ကာဖွယ် လူတစ်ဦးတွေ့ရှိသဖြင့် စစ်ဆေးမေးမြန်းရာ ချစ်မင်း(ခ)သီဟလွင် (၃၀)နှစ် အောင်ဆန်းရပ်ကွက် နေသူဖြစ်ကြောင်း သိရှိရပြီး ညအမှောင်အတွင်း မန်ကျီးပင်ပေါ်သို့ တက်ရောက် နေသည့်အကြောင်းအား ယုံကြည်အောင် ပြောဆိုနိုင်ခြင်းမရှိသဖြင့် ချစ်မင်း(ခ) သီဟလွင် အား နတ်မောက်မြို့နယ်၊ မြို့မရဲစခန်း(ပ)၁၄၅/၂၀၁၅၊ ရဲအက် ဥပဒေပုဒ်မ ၃၅(ဃ) အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိပါသည်။
Friday, September 11, 2015
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment