Wednesday, September 9, 2015
4:17 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
ထီးလင်း စက်တင်ဘာ ၉
ဒေသနေပြည်သူများ အခြေခံကွန်ပျူတာပညာများကို လွယ်လင့်တကူ လေ့လာနိုင်ရန် ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် သြဂုတ် ၇ ရက်မှ စက်တင်ဘာ ၆ ရက်ထိ ပုဏ္ဏားကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် သင်တန်းဖွင့်လှစ်သင်ကြားခဲ့ရာ ထန်းပင်ကုန်း၊ တောရောင်း၊ ကွမ်းဇဲ၊ ဝါးရင်းချိုင်၊ ပုဏ္ဏားကျေးရွာများမှ သင်တန်းသား / သင်တန်းသူ ၄၀ ဦးတို့တက်ရောက်ခဲ့ကြသည်။
အဆိုပါသင်တန်းဆင်းပွဲကို စက်တင်ဘာ ၆ ရက်က ပုဏ္ဏားကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင်ပြုလုပ်ရာ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီဝင်များ၊ လူမှုရေး အသင်းအဖွဲ့ဝင်များ တက်ရောက်ကြ၍ ထူးချွန် သူများအား ဆုများချီးမြှင့်သည်။သင်တန်းတွင် Introductions to Operation System , Microsoft Word(2010) , Microsoft Excel (2010) , Microsoft Power Point နှင့်အခြား ကွန်ပျူတာ ဆိုင်ရာသိသင့်သည်များကို သင်ကြားပေးကြောင်း သင်တန်းသားတစ်ဦးကပြောသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment