မကွေး စက်တင်ဘာ ၂
မကွေးမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးမြို့နယ်ဘဏ်က မကွေးမြို့နယ် အတွင်းရှိ တောင်သူများသို့ ၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ် မိုးရာသီ သီးနှံ ထုတ်လုပ်မှု အတွက် ချေးငွေများကို ထုတ်ပေးလျက်ရှိရာ စက်တင်ဘာ (၁)ရက်နေ့ထိ ကျေးရွာအုပ်စု (၅၇)အုပ်စု၊ တောင်သူ(၁၄၂၇၅)ဦးအား (၃)ဦးပါ အစုအဖွဲ့များ ဖွဲ့စည်းစေပြီး ထုတ်ချေးပေးခဲ့သည်။
မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုပြီး လက်မှတ်တင်ပြနိုင်သူများအား စပါး(၁)ဧကလျှင်ကျပ်တစ်သိန်းနှုန်း အခြားသီးနှံများဖြစ်သော နှမ်း၊ မြေပဲနှင့် ပဲမျိုးစုံ(၁)ဧကလျှင် ကျပ်နှစ်သောင်းနှုန်းဖြင့် ၂၈.၅.၂၀၁၅ရက်နေ့မှ စတင်ထုတ်ချေးပေးခဲ့ရာ (၂၈.၈.၂၀၁၅)ရက်နေ့တွင် အပြီး ထုတ်ချေးပေးနိုင်ခဲ့ကြောင်းသိရသည်။
ထုတ်ချေးပေးခဲ့သည့် သီးနှံများမှာ စပါး(၂၈၀၉)ဧက၊ မြေပဲ (၉၂၆၃)ဧက၊နှမ်း(၈၁၂၅၁)ဧက တို့အတွက် ထုတ်ချေးငွေစုစုပေါင်းမှာ ကျပ်သိန်း(၂၀၉၁၁.၈၀)ဖြစ်ပြီး အတိုးနှုန်းမှာ တစ်နှစ်လျှင် ၅%ဖြင့် ထုတ်ချေးပေးခဲ့ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်မန်နေဂျာထံမှ သိရှိရပါသည်။

0 comments:
Post a Comment