၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့ ညနေ (၅း၁၅) နာရီ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန်ဂေါမြို့နယ်၊ တောင်ခင်ရန်း ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ကလေး-ဂန့်ဂေါ ကားလမ်း မိုင်တိုင်အမှတ် ၃၅/၈နှင့် ၃၆/၀ ကြားတွင် ဆိုင်ကယ် တိမ်းမှောက်ကြောင်း သတင်းအရ သွားရောက် စစ်ဆေးရာ ၄င်းလမ်းအတိုင်း မိုးစိုရွာဘက်မှ မြောက်ခင်ရန်းရွာဘက်သို့ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်း ရွာနေသူ ဦးဝင်းမြင့် (၅၇)နှစ် စီးနင်းလာသော FEKON 125အနက်ရောင် ဆိုင်ကယ် သည် အရှိန် မထိန်းနိုင်ဘဲ လမ်းအကွေ့တွင် ကာရံထားသော ကွန်ကရစ်တိုင်အား ၀င်ရောက် တိုက်မိရာ ဒဏ်ရာများ ရရှိခဲ့ပြီး မြောက်ခင်ရန်း တိုက်နယ်ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားသဖြင့် ဆိုင်ကယ် မဆင် မခြင် မောင်းနှင်သူ ၀င်းမြင့်အား ဂန့်ဂေါမြို့နယ်၊ ကန်နယ်မြေ ရဲစခန်းယာဉ်(ပ) ၁၄/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄-က အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Thursday, September 3, 2015
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment