Wednesday, September 2, 2015


မင်းဘူး စက်တင်ဘာ ၂
ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးများ ပြိုကျခဲ့သည့် မင်းဘူးမြို့နယ်အတွင်းရှိ ကျေးရွာများအား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်သူဦး၊ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးသူနှင့် မြို့နယ် ဖွံ့ဖြိုးရေး အထောက်အကူပြုကော်မတီတို့မှ စက်တင်ဘာလ(၂)ရက်နေ့ နံနက်ပိုင်းကဆန်အိတ်(၅၀) အိတ်နှင့် အ၀တ်အထည်များကို ကျေးရွာများအရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
ဧရာဝတီမြစ်ရေကြီးမှုကြောင့် မင်းဘူးမြို့နယ် ထုံးမကျီးကျေးရွာသည်အိမ်ထောင်စု(၂၁၀)ရှိ၍
 နေအိမ်(၅၉)လုံး ဖျက်သိမ်းထားရှိပြီး အိမ်ဝိုင်းမြေ(၁၉)အိမ် မြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျခဲ့သည်။
ကျောင်းကုန်းကျေးရွာတွင် အိမ်ထောင်စု(၁၁၈)စု ရှိရာ အိမ်ဝိုင်းမြေ (၃၀) ကမ်းပါးပြိုကျခဲ့ပြီး (၁၃)အိမ် ဖျက်သိမ်းထားရှိ၍ ဘုန်းတော်ကြီးဝန်းအတွင်း ယာယီရွှေ့ ပြောင်း နေထိုင်လျက်ရှိသည်။ ပဒေသာကျွန်းရွာ၊နိဗ္ဗာန်ကျွန်းရွာ၊သနပ္ပင်စုရွာနှင့် ငွေသောင်ကျွန်းကျေးရွာတို့သည် ဧရာဝတီမြစ်ကမ်းနှင့် နီးကပ်လျက်ရှိပြီး ကမ်းပါးပြိုကျမှုအားဂရုပြုစောင့်ကြပ်ကြည့်ရှုနေရသည်။
မြစ်ရေတိုက်စား၍ အိမ်ဝိုင်းပါသွားသော ထုံးမကျီးကျေးရွာဒေသခံတစ်ဦးမှ ယခုနှစ်မြစ်ရေတက်တာ (၂)ကြိမ်ရှိပြီ၊မြစ်ရေတက်လည်း ကမ်းပါးပြိုကျတတ်တယ်၊မြစ်ရေကျလည်း ရေလှိုင်းပုတ်ခတ်ဒဏ်ကြောင့် ကမ်းပါး ပြိုတာခံရတယ်၊ရွာအရှေ့ဘက်က ယာမြေတွေက ယခင်နှစ်ကတည်းက ပါသွားတာ၊အခုနှစ် ရွာအနီး ကမ်းပါးကပ်လာတော့ နေအိမ်တွေ အမြန်ဖျက်သိမ်း ရွှေ့ထားရတယ်၊ မြစ်ကမ်းနှင့် ဝေးရာကို ရွာရွှေ့ပြောင်းနေထိုင်ဖို့ စီစဉ်နေပါပြီး၊ ပွင့်လင်းရာသီရောက်မှ လုပ်နိုင်မှာပါ ဟုပြောပြသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video