Wednesday, September 2, 2015
3:16 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
ပခုက္ကူ စက်တင်ဘာ ၁
မကွေးတိုင်းဒေသကြီး၊ပခုက္ကူခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက၂၀၁၅ခုနှစ်ရွေးကောက် ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက်ခရိုင်/မြိုနယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများအဖွဲ့ဝင်များ၊
နိင်ငံရေးပါတီများမှရွေးကောက်ပွဲဝင်မည့်ကိုယ်စား လှယ်များ၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်
လောင်းများ တွေ့ဆုံညှိနှိုင်း အစည်းဝေးကို စက်တင်ဘာ ၁ ရက်နံနက် ၁၀နာရီကခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင်ပခုက္ကူခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးရွှေကျော့က အမှာစကား
ပြောကြားပြီးထို့နောက်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်ခရိုင်ဥပဒေအရာရှိ ဦးခင်မောင်ဝင်းကရွေးကောက်ပွဲဆိုင်ရာစုဝေးခွင့်၊ဟောပြောခွင့်၊မဲဆွယ်စည်းရုံးခွင့်ဆိုင်ရာဥပဒေများ
ကိုချပြရှင်းလင်းခဲ့သည်။နိင်ငံရေးပါတီများမှရွေးကောက်ပွဲဝင်မည့်ကိုယ်စားလှယ်များ၊တစ်သီးပုဂ္ဂ လကိုယ်စားလှယ်လောင်းများကပြန်လည်ဆွေးနွေးခြင်း များကိုလည်းကောင်း၊ ခရိုင်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲအရာရှိလက်ထောက်ညွှန်ကြား ရေးမှူး ဦးဇော်သူက မဲစာရင်းအချိန်မှီကပ်နိုင်ရေးနှင့် မဲရုံသုံး ပစ္စည်းများ ပျက်စီးမှုမ ရှိစေရေး တို့ကိုဆွေနွေးခြင်းကိုလည်းကောင်း၊ ခရိုင်ရွေးကောက် ပွဲကော် မရှင်အဖွဲ့ခွဲအဖွဲဝင်ဦးဗိုလ်ကကိုယ်စားလှယ်လောင်းများမဲဆွယ်ခြင်း၊စုဝေးဟောပြောခြင်းများပြုလုပ်ရာတွင်
ကော်မရှင်အဖွဲ့၏ညွှန်ကြားချက် ၁/၂၀၁၄ပါ ညွှန်ကြားချက် အတိုင်းလိုက်နာစောင့်ထိန်းကြ ရန် ၊စုဝေးဟောပြောပွဲများတွင် ဥပဒေနှင့် မလွတ်ကင်းသော ပြောဆိုဟောပြောခြင်းများ မပြုလုပ်ကြရန်၊ ပါတီအချင်းချင်းအပြန်အလှန်လေးစားကြရန်ဆွေးနွေးပြောကြားသည်။ထို့နောက်ခရိုင်ရွေးကောက်ပွဲကော်
မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက၂၀၁၅ခုနှစ်လွှတ်တော်အသီးသီးတွင်ရွေးချယ်ခံမည့်ပါတီအသီးသီးမှကိုယ်စားလှယ်များ၊
တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများရွေးကောက်ပွဲစုဝေးဟောပြောခြင်းနှင့်မဲဆွယ်စည်းရုံး
ရာတွင်ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေ များနှင့်အညီ ဆောင်ရွက်ရေးတို့ကို
နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment