Friday, September 4, 2015


အောင်လံ စက်တင်ဘာ ၎
မကွေးတိုင်းဒေသကြီးသရက်ခရိုင် အောင်လံမြို့နယ်တွင် ရေဘေးသင့်ပြီးနစ်မြုပ်ခဲ့ရသော
လယ်ယာမြေများ အမြန်ဆုံး ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျှက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မြို့နယ်အုပ်ချုပ် ရေးမှူး ဦးသိန်းဆင့် ၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဌေးမောင်နှင့်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့တို့မှဦးဆောင်၍ ရေကြီးနစ်မြုပ်ကျေးရွာအုပ်စု(၈)အုပ်စုမှ
 တောင်သူ(၆၃)ဦး စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်း(၁၅)ဦးပါဝင်သော အဖွဲ့တို့ သည် လယ်ယာမြေများ အလျှင်အမြန်စိုက်ပျိုးနိုင်ရေးအတွက် ပဲခူးတိုင်း(အနောက်ပိုင်း)ဒေသကြီး ပြည်မြို့ရှိ လယ်တော်ကြီး မျိုးထုတ်လုပ်ရေးခြံတွင် ကွင်းဆင်းလေ့လာခဲ့ကြသည် ။
ထိုသို့လေ့လာကြရာ၌ လယ်တော်ကြီး မျိုးထုတ် လုပ်ရေးခြံ အတွင်းတွင် ရေသွင်းရေထုတ်စနစ်များ ၊ လုပ်သားအင်အား အသုံး မပြုရဘဲ စက်ကရိယာများဖြင့် မြေပြုပြင်ခြင်းလုပ်ငန်းများ ပျိုးဗန်းစနစ်ဖြင့် ပျိုးထောင် ထားရှိမှုအခြေအနေများ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း လုပ်ငန်းများကို လေ့လာခဲ့ကြပြီး စိုက်ပျိုးရေး ညှိနှိုင်းမှူအဖွဲ့ဝင်များနှင့် လယ်တော်ကြီးမျိုးထုတ်လုပ်ရေးခြှံ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ
အောင်လံမြို့နယ် အတွင်းရေဘေးသင့်ပြီး နစ်မြုပ်ခဲ့ရသော လယ်ယာမြေများ အမြန်ဆုံးပြန်လည် စိုက်ပျိုးနိုင်ရေးအတွက် ၎င်းတို့၏ စက်ကရိယာများအကူအညီဖြင့် ပူးပေါင်း ဆောင်ရွက်နိုင်ရေး  ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video