Friday, September 4, 2015



မကွေး စက်တင်ဘာ ၎
မကွေးတိုင်းဒေသကြီးအတွင်း ဇူလိုင်လနောက်ဆုံးပတ်မှ စတင်ပြီး ဖြစ်ပွားခဲ့သည့် ကိုမန်မုန်တိုင်းအရှိန် ကြောင့် ရေဘေးသင့်ခံ ရသော ရေဘေးသင့်ပြည်သူများအတွက် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှ လှူဒါန်းသည့် KVW မီးစက် အလုံး၅၀နှင့် ဆက်စပ်ပစ္စည်း များအား လွှဲပြောင်းပေးအပ်ပွဲကို ယနေ့နေ့လည် (၁)နာရီက မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ် သည်။
အခမ်းအနားတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ခေတ္တစစ်ဗျုဟာမှူး ဒုတိယဗိုလ်မှူးကြီး သန်းနိုင်လွင်က 2006 A-3 Model 3 KVW မီးစက်အလုံး(၅၀)နှင့် ဆက်စပ်ပစ္စည်းများအား မကွေးတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နိုင်ဦးထံ လွှဲပြောင်းပေးအပ်ပါသည်။
အဆိုပါမီးစက်များအားမကွေးတိုင်းဒေသကြီးအတွင်းရှိ ရေဘေးဘေးသင့်ဒေသ များသို့ ပြန်လည်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်းသိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video