Friday, September 4, 2015
4:40 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
မကွေး စက်တင်ဘာ ၎
မကွေးတိုင်းဒေသကြီး စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့နှင့် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉)နာရီက မကွေးမြို့ မြို့တော်ခန်းမတွင် ပြုလုပ်သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲတွင် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုစည်းရုံးရေးကော်မတီဝင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နိုင်ဦးက အမှာစကားပြောကြားပါသည်။ ယင်းနောက် မကွေးတိုင်းဒေသကြီး စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး က မကွေးတိုင်းဒေသကြီးစစ်မှုထမ်းဟောင်းအဖွဲ့၏ဆောင်ရွက်ထားရှိမှုအခြေအနေများကို တင်ပြဆွေးနွေးပါသည်။
ဆက်လက်ပြီး မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်အလိုက် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့များမှ တင်ပြဆွေးနွေးမှုများကို မကွေးတိုင်းဒေသကြီး စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ဝင်များက
ပြန်လည် ရှင်းလင်း ဆွေးနွေးကြပါသည်။ ခရိုင်အလိုက် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့များ သို့ ဦးပိုင်အစုရှယ်ယာ အမြတ်ငွေများပေးအပ်ခြင်းကို ဆက်လက်ပြုလုပ်ရာ အစုရှယ်ယာ အမြတ်ငွေကျပ်(၁၀၂၉)သိန်းအား မြို့နယ်အလိုက် ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment