Friday, September 4, 2015
4:43 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
ဂန့်ဂေါ စက်တင်ဘာ ၎
ရန်ကုန်မြို့ မြန်မာ့ကုန်ပစ္စည်းစစ်ဆေးရေးနှင့်စမ်းသပ်မှုကုမ္ပဏီလီမိတက်မှ ဗိုလ်မှူးကြီးဝင်းဆွေ(ငြိမ်း) နှင့် စေတနာရှင်များအဖွဲ့က မကွေးတိုင်းဒေသကြီးဂန့်ဂေါမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအတွက်
ထောက်ပံ့ ပစ္စည်းများပေးပို့လှူဒါန်းခဲ့ရာ အဆိုပါပစ္စည်းများအား ပြင်သာ၊ မြင်သား၊ အလယ်ရွာ၊
မောက်၊ မြင်းဇာ ကျေးရွာ များရှိ ရေဘေးသင့်ပြည်သူများထံ ဂန့်ဂေါမြို့နယ် သဘာဝဘေး အန္တရာယ်ကာကွယ်ရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီသည်
သြဂုတ် ၃ ရက်က အိမ်ထောင်စုများအလိုက် ဆက်လက်ထောက်ပံ့ ပေးပြီးဖြစ်သည်ဟု သိရသည်။
ထိုသို့ပေးပို့လှူဒါန်းရာတွင် ဆန် ၈၄ အိတ်၊ ပဲ ၁၂ အိတ်၊ စားသုံးဆီ ၁၁၂၈ ဗူး၊ ဆား ၁၀၆၀ ထုပ်၊ ခေါက်ဆွဲခြောက် ၁၀ ပါကင်၊ ကော်ဖီမစ် ၁၀ ပါကင်တို့နှင့် ငွေသား ၂၅ သိန်း ၅ သောင်းတို့ဖြစ်ကြောင်း မြို့နယ် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးကော်မတီဝင် ဒေါ်အေးအေး ၏ ပြောပြချက်အရ သိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment