Friday, September 4, 2015


သရက် စက်တင်ဘာ ၃
မကွေးတိုင်းဒေသကြီး သရက်မြို့နယ် ရေပေါ်ကျွန်းကျေးရွာတွင် သြဂုတ်လအတွင်းက ဧရာဝတီမြစ်ရေ မြင့်တက် လာမှု့ကြောင့်ရေကင်းလွတ်ရာသို့ ပြောင်းရွှေ့ နေထိုင်ခဲ့ရပြီး ယခုအခါ ဧရာဝတီမြစ်ရေပြန်လည် ကျဆင်းသွးပြီဖြစ်သဖြင့် မိမိကျေးရွာတွင် ပြန်လည်
နေထိုင်ကြပြီဖြစ်၍ ပြန်လည်ထူထောင်ရေး အတွက် ကျေရွာနေ ပြည်သူများ
မွေးမြူထားသည့် တိရစ္ဆာန်များအတွက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန အနေဖြင့် တိရစ္ဆာန် အစာများ ပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို ယနေ့ နေ့လည်(၁)နာရီက ကျေးရွာ ဘုန်းတော်ကြီး ကျောင်းအတွင်း ကျင်းပ ခဲ့ရာ မြို့ နယ် အုပ်ချုပ်ရေးမှူး ဦးညွန့်လှိုင် နှင့်မြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမြို့နယ် ဦးစီးအရာရှိ ဒေါက်တာ သန်းဌေးက တိရစ္ဆာန် အစာများ ပေးအပ်ရာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဖိုးစိန်က လက်ခံပေးခဲ့သည်။ ထို့နောက် မြို့နယ် အုပ်ချုပ်ရေးမှူးဦးညွန့်လှိုင်မှ ပြန်လည်ဖွင့်လှစ်ပြီး စာသင်ကြားနေသည့် စာသင်ကျောင်းအား လိုက်လန်ကြည့်ရှု့စစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video