Friday, September 4, 2015
4:45 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
ငဖဲ စက်တင်ဘာ ၃
ငဖဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ၂၀၁၅ မိုးသီးနှံ စိုက်ပျိုးသောတောင်သူများသို့ စိုက်ပျိုးစရိတ်ချေးငွေများကို ၂၀၁၅ခုနှစ်မေလ ၂၇ ရက်နေ့မှစ၍ ကျေးရွာ
အုပ်စုအလိုက် ထုတ်ချေးပေးခဲ့ရာ ငဖဲမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၂၂အုပ်စုအတွက်
ချေးငွေကျပ်သိန်းပေါင်း ၇၅၀၀ ကိုတောင်သူဦးရေ ၃၀၂၉ ဦးတို့အား သြဂုတ်လ ၂၅ ရက်နေ့တွင် အပြီးသတ်ထုတ်ချေးပေးခဲ့ပြိးဖြစ်သည်။
မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကိုစပါးစိုက်ပျိုးမြေတစ်ဧကလျှင် ငွေကျပ်တစ်သိန်းနှုန်း ဖြင့်(၆၁၉၃)ဧက
၊နှမ်းစိုက်ပျိုးမြေတစ်ဧကလျှင် နှစ်သောင်းနှုန်းဖြင့်(၆၄၅၈)ဧက၊ပဲတီစိမ်းစိုက်ပျိုးမြေတစ်ဧက နှစ်သောင်းနှုန်းဖြင့်
(၇၇)ဧက၊စုစုပေါင်း(၁၂၇၂၈)ဧကကို ထုတ်ချေးပေးခဲ့ကြောင်းနှင့် ငွေကျပ် ၁၀၀ လျှင်တစ်နှစ် ငါးရာခိုင်နှုန်းသာ အတိုးကောက်ခံခဲ့ကြောင်း သိရှိရသည်။
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment