၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်
၂၀၁၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမတွင် ၄.၉.၂ဝ၁၅ ရက်နေ့ ဝ၉ဝဝ အချိန် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
အခမ်းအနားသို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လူလူသန်း၊ ဒုတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်စိုးဝင်း၊ ဦးစီး(ပ)(ဦး/ရေး/ထောက်) ဒုတိယ ရဲမှူးကြီး မောင်မောင်အေး၊ မကွေးခရိုင် ရဲတပ် ဖွဲ့မှူး ဒုတိယရဲမှူးကြီး မင်းဟန်၊ မင်းဘူးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သက်ထွန်း၊ သရက်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဦးမူ၊ ပခုက္ကူခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး လှဝင်း၊ ဂန့်ဂေါခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝင်းထွန်း၊ ရဲမှူး သက်လွင်(ဦးစီး)၊ ရဲမှူး ခင်မြအုန်း (ရေး/ထောက်)၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၅) မြို့နယ်မှ မြို့နယ်ရဲတပ်ဖွဲ့မှူးများ၊ ဒုရဲမှူး(ဦးစီး)၊ ဌာနစိတ်တာဝန်ခံများ စုစုပေါင်း(၄၅)ဦး တက်ရောက်ခဲ့သည်။

တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးနှင့် ဒုတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးတို့မှ ၂ဝ၁၅ ခုနှစ် အထွေထွေ ရွေးကောက် ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုံခြုံရေးအပြည့်အဝရရှိစေရေး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် အသေးစိတ်အား ရှင်းလင်းဆွေးနွေးခြင်း၊ ဦး/ရေး/ထောက်ဆိုင်ရာ လုပ်ငန်းများ ညှိနှိုင်း ဆွေးနွေး ရှင်း လင်းခြင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူးများနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးများမှ လုံခြုံရေးဆိုင်ရာ စီမံ ဆောင်ရွက်ထားရှိမှု အခြေအနေအား ရှင်းလင်းတင်ပြခဲ့ခြင်း၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးမှ လိုအပ်ချက် များအပေါ် ဖြည့်စွက် ညွှန်ကြားခြင်းများ ဆောင်ရွက်ခဲ့ပြီး အစည်းအဝေးအား ညနေ (၆) နာရီခွဲအချိန် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

0 comments:
Post a Comment