Thursday, September 3, 2015


ကံမ စက်တင်ဘာ ၂
မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊ကံမမြို့နယ်တွင် စက်တင်ဘာ ၂ ရက် နံနက် ၉ နာရီကမြို့နယ်လုံးဆိုင်ရာသာသနာ့ ဗိမာန်တော်ရေစက်ချပွဲ နှင့် ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ကျင်းပပြုလုပ်ရာရှေးဦးစွာ ဗိမာန်တော်ကြီးမုဒ်ဦး ရှေ့၌ တိုင်းဒေသကြီး သံဃနာယကဥက္ကဌ (မူလဒွါရ) တောင်စကိုင်းကျောင်းဆရာတော် ဘဒ္ဒန္တဇ၀န၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးကြည်မင်း၊ ဦးပိုက်ထွေး(ပြန်ကြားရေးဝန်ကြီးဌာန၊ဒုတိယ၀န်ကြီး-ငြိမ်း)နှင့် ဦးဇော်လင်းအောင် (တိုင်းဒေသကြီးအစိုးရအဖွဲ့၊လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး-ငြိမ်း)တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ၀န်ကြီးချုပ်ဦးဘုန်းမော်ရွှေက မုဒ်ဦးဆိုင်းဘုတ်အား စက်ခလုပ်နိပ်ဖွင့်လှစ်ပေးခဲ့သည်။ ရေစက်ချပွဲ နှင့် လှူဒါန်းပွဲကို ဆက်လက်ပြုလုပ်ရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် အင်ဘက်တောကျောင်း
 ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒန္တစိတြဥာဏ ထံ မှ ဧည့်ပရိတ်သတ်အပေါင်းတို့က ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ကြွရောက်တော်မူလာကြသော ဆရာတော်သံဃာတော်များအား ၀ါဆိုသင်္ကန်း နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြပြီးနောက် လှူဒါန်းမှုအစုစုတို့ အတွက်
ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။အဆိုပါ သာသနာ့ဗိမာန်တော်ကြီးသည် အလျား ၈၀ ပေ၊အနံ ၄၀ ပေ နှင့်အမြင့် ၂၃ ပေရှိ သံကူကွန်ကရစ်နှစ်ထပ်ကျောင်းဆောင်ဖြစ်ပြီး အလှူရှင်အသီးသီးတို့၏ လှူဒါန်းမှုဖြင့် ငွေကျပ်သိန်းပေါင်း၁၂၀၀ ကျော်အကုန်အကျခံတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်းသိရ
သည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video