Thursday, September 3, 2015


ရေနံချောင်း စက်တင်ဘာ ၂
၂၀၁၅-ခုနှစ်မိုးရာသီသီးနှံထုတ်လုပ်မှုဘဏ်ချေးငွေထုတ်ချေးခြင်းကိုရေနံချောင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၂၅အုပ်စု၊ အစုအဖွဲ့(၂၁၇၄)ဖွဲ့၊ဘဏ်အဖွဲ့ဝင်တောင်သူလယ်သမား(၆၃၈၂)ဦးတို့ကိုချေးငွေ ကျပ်သိန်းပေါင်း ၈၆၉၅.၈၀ကို သြဂုတ် ၂၈ရက်က အပြီးသတ်ထုတ်ချေးပေးခဲ့ပါသည်။
ထုတ်ချေးပေသည့်သီးနှံဧကများမှာစပါး ၁၆၆ဧက၊မြေပဲ ၉၁၇၅ဧက၊ နှမ်း ၃၀၃၄၉ ဧက၊ ပဲတီစိမ်း ၂၅၀၈ဧက၊ ပဲစဉ်းငုံ ၅၈၈ဧက၊ ပဲလွန်း၂၉ဧက စုစုပေါင်းစိုက်ဧက ၄၂၈၁၅ ဧကကိုစပါး တစ်ဧကလျှင် ငွေကျပ်တစ်သိန်းနှုန်းနှင့်အခြားသီးနှံတစ်ဧကလျှင် နှစ်သောင်းတို့ဖြင့်အတိုးနှုန်းတစ်နှစ်လျှင်
ငါးရာခိုင်နှုန်းဖြင့် ထုတ်ချေးပြီးဖြစ်ကြောင်းရေနံချောင်းမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် မြို့နယ်ဘဏ်ခွဲ မန်နေဂျာထံမှသိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video