Friday, September 4, 2015

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့ နံနက် (၁၁း၁၅) နာရီ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ မကွေးနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ကံပြား-နေပြည်တော်လမ်း မကွေးမြို့နယ်၊ ဂွေးတောက်စမ်းရွာအနီးတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ သက်သေ များ နှင့်အတူ သွားရောက်စစ်ဆေးရာ မြို့သစ်မြို့နယ်၊ ဇင်ဗျိုးကျေးရွာနေ ဦးလှအောင် (၄၅)နှစ် မောင်းနှင် လာသော 4J/xxxx အဖြူရောင်ဖော ယာဉ်ပေါ်တွင် ခရီးသည် (၂၂)ဦး တင်ဆောင်၍ ကံပြား-နေပြည်တော် လမ်းအတိုင်း နေပြည်တော်ဘက်မှ မကွေးဘက်သို့ မောင်းနှင် လာစဉ် မိုင်တိုင်အမှတ် ၇၇/၆ နှင့် ၇၇/၇ ကြားအရောက်တွင် ရှေ့မှလာသော ကျောက်ကားအား ရှောင်တိမ်းစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာ ဘက်ခြမ်းသို့ တိမ်းမှောက်သွားပြီး ယာဉ်ပေါ်ပါလာသူ မြို့သစ်မြို့နယ်၊ ကြာအင်းကျေးရွာနေ မမာဝင်း (၃၁)နှစ်ပါ မ ၁၃ ဦး၊ ကျား ၂ ဦး၊ ပေါင်း ၁၅ ဦးတို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် ယာဉ်မဆင် မခြင် မောင်းနှင်သူ ဦးလှအောင်အား မကွေးမြို့နယ်၊ နယ်မြေရဲစခန်း ယာဉ်(ပ) ၄၂/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၇/၃၃၈ အရ အမှုဖွင့်အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video