၂၀၁၅ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့ ည (၁၀း၁၅)နာရီ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေ လှည့်ကင်း ဆောင်ရွက်စဉ် ရုံးရပ်ကွက်၊ လမ်းမတော်လမ်း၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး ရုံး ရှေ့အရောက် လမ်းမတော်လမ်းအတိုင်း မြောက်မှတောင်သို့ တစ်ဦးတည်း လမ်းလျှောက်လာသည့် မသင်္ကာဖွယ် လူတစ်ဦးအား တွေ့ရှိရသဖြင့် စစ်မေးရာ သရက်မြို့နယ်၊ ထုံးတောင် ကျေးရွာနေ ချမ်းမြေ့အောင် (၂၁)နှစ်ဖြစ်ပြီး ၎င်း၏ယာဘက်လက်တွင် အရိုးတပ်ဆင် မထားသည့် အရှည် (၁၁)လက်မခန့် ရှိသော ဓါးဦးချွန်(၁)ချောင်းအား ကိုင်ဆောင်ထားသည် ကိုတွေ့ရှိရသဖြင့် အများ ပြည်သူ သွားလာသည့်လမ်းပေါ်တွင် ဓါးကိုင်ဆောင်သွားလာနေသူ ချမ်းမြေ့အောင်အား သရက်မြို့နယ်၊ မြို့မရဲစခန်း (ပ)၁၈၁/၂၀၁၅၊ လက်နက်ဥပဒေပုဒ်မ ၁၉(င) အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Friday, September 4, 2015
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment