Thursday, September 24, 2015

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့ ညနေ (၅) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါ ခရိုင် ၊ ဂန့်ဂေါမြို့နယ်၊ ကျောကျေးရွာအတွင်း ပုလဲ-ဂန့်ဂေါကားလမ်းတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ ကျောရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွား ရောက်စစ်ဆေး ခဲ့ကြောင်း သတင်းရရှိပါသည်။

 ကျောကျေးရွာအတွင်း ပုလဲ-ဂန့်ဂေါကားလမ်း မိုင်တိုင်အမှတ် (၇၄/၃ နှင့် ၇၄/၄)အကြား ''ရှင်းသန့်'' လက်ဖက်ရည်ဆိုင်ရှေ့တွင် ပုလဲဘက်မှ ဂန့်ဂေါဘက်သို့ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ ၊ အောင် မင်္ဂလာရပ်ကွက်နေ နန်းထိုက်(၃၇)နှစ်မောင်းနှင်သည့် ယာဉ်အမှတ် 8I/xxxx CID NISSAN (၁၂)ဘီး ယာဉ်သည် ဂန့်ဂေါဘက်မှ ပုလဲဘက်သို့ ထီးလင်းမြို့နယ်၊လျှော်ဖြူခင်ကျေးရွာနေ တင့်ဆွေ(၂၈)နှစ်သည့် နံပါတ်မပါ CZI PINBO 125 ဝါ/နက်ရောင်ဆိုင်ကယ်အား ယာဉ်၏ ဝဲဘက် နောက်ပိုင်းနှင့် တိုက်မိပြီး ဆိုင်ကယ်လဲကျစဉ် ဝဲဘက်နောက်ဘီးဖြင့် နင်းမိ၍ တင့်ဆွေတွင် ယာ နောက်စေ့ပွင့်ထွက်ဒဏ်ရာ၊ ဦးခေါင်း ဝဲဘက်ခြမ်း ပွင့်ထွက်ဒဏ်ရာရရှိ သေဆုံးသွားသဖြင့် (၁၂)ဘီး ယာဉ်မောင်း နန်းထိုက်အား ဂန့်ဂေါမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ)၃၁/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ဝ၄-က အရ အမှုဖွင့် အရေးယူဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video