၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့ နံနက် (၄) နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူ ခရိုင်၊ ပေါက်မြို့မရဲစခန်းမှ မြို့ပေါ်ရပ်ကွက်အတွင်း ညဥ့်နက်လှည့်ကင်း တာဝန် ဆောင်ရွက် နေစဉ် ၊ ပေါက်မြို့၊ ဆင်ဆာတံတားအနီး မိုင်တိုင်အမှတ် (၄၆/၇ နှင့် ၄၇/ဝ) အကြားတွင် ထီးလင်းမြို့ ဘက်မှ ကမ္မ ဘက်သို့ ပေါက်မြို့နယ်၊ ချောင်းကူးကျေးရွာနေ အောင်ဇော်(ခ) ဖိုးဇော်၊ ၃ဝနှစ် မောင်းနှင်လာသည့် မ/xxxx ၊ နံပါတ်ပါ ဒေါ့ဂျစ်(၆)ဘီး အပြာရောင် မော်တော် ယာဉ်အား မသင်္ကာသဖြင့် စစ်ဆေးခဲ့ရာ မိုးကာဖြင့် ဖုံးအုပ် ထားသော ကျွန်းနှင့် အင်ကြင်းခွဲသားများအား တွေ့ရှိ၍ ပေါက်မြို့နယ် သစ်တောဦးစီးဌာနသို့ အကြောင်း ကြားခဲ့ကြောင်း သတင်းရရှိပါသည်။
သစ်တောဦးစီးမှူး ဦးငြိမ်းချမ်း-၃ နှင့်အဖွဲ့ရောက်ရှိလာ၍ ပို့အပ်ခဲ့ရာ တရားမဝင်ကျွန်းခွဲသား (၃၆၅) ချောင်း၊ ၁.၉၉ဝ၆ တန်၊ အင်ကြင်းခွဲသား(၂၅)ချောင်း၊ ဝ.၂၈၁၂ တန်၊ စုစုပေါင်းတန်ဖိုးငွေ ၆၈၇,၆ဝ၈ိ/-အား ဖမ်းဆီး ရမိခဲ့သဖြင့် သစ်ခွဲသားများအား ခွင့်ပြုချက်မရှိဘဲ သယ်ဆောင်လာသူ အောင်ဇော်(ခ) ဖိုးဇော် အား ပေါက် မြို့နယ်၊ မြို့မရဲစခန်း (ပ)၁၄၆/၂ဝ၁၅၊ ပြည်သူပိုင်ပစ္စည်းကာကွယ် စောင့်ရှောက် ရေးဥပဒေပုဒ်မ ၆(၁) အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment