၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့ နေ့လည် (၁၁း၅၀) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် ရဲဝင်းနှင့် ပခုက္ကူမြို့မရဲစခန်းမှူး ဒုရဲမှူး ကျော်စိုး တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ပခုက္ကူခရိုင်ရဲတပ်ဖွဲ့မှူး၏ လောင်းကစားဖမ်းဝရမ်းအမှတ် (၂၅/၂ဝ၁၅)ဖြင့် ပခုက္ကူမြို့၊ အမှတ်(၅) ရပ်ကွက်နေ ထွန်းအောင်ကျော်(၃၂)နှစ်၏ နေအိမ်အား သတင်းအရ ဝင်ရောက်ရှာဖွေရာ ထွန်းအောင်ကျော်အား နေအိမ်ခြံဝန်းအတွင်းရှိ အိမ်နောက်ဖေး စားပွဲပေါ်တွင် နှစ်လုံးထီလောင်းကစား ရာတွင်အသုံးပြုသည့် စာရွက်စာတမ်းများနှင့် လောင်းကြေးငွေ ၅၃,၆၅ဝိ/-နှင့်အတူ တွေ့ရှိဖမ်းဆီးရမိသဖြင့် ထွန်းအောင်ကျော်အား ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်း (ပ)၃၇၂/၂ဝ၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/ ၁၆(က) အရ အမှုဖွင့်အရေးယူဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။
Thursday, September 24, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment