Thursday, September 24, 2015

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့ နေ့လည် (၂) နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊သရက် ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ သာယာကုန်းကျေးရွာရှိ အမက(၄၁) ကျောင်းတွင် ကျောင်းသူ(၁)ဦး အိမ်သာ ဆားဗစ်ကျင်းအသစ်ထဲသို့ ပြုတ်ကျသေဆုံးနေကြောင်း သတင်းအရ ဧကရာဇ်ရဲကင်းစခန်းမှူး နှင့်အဖွဲ့သည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။ 

 သေဆုံးသူမှာ ၎င်းကျေးရွာနေ မတင်ဇာမိုး(၇)နှစ်ဖြစ်ကြောင်း သိရှိရပြီး ၎င်းသည် မုန့်စားကျောင်း ဆင်း၍ ၊ ကျောင်းပြန်တက်ချိန်တွင် ပျောက်ဆုံးနေသဖြင့် ကျောင်းအုပ်ဆရာမကြီးနှင့် အတန်းပိုင်ဆရာ တို့မှလိုက်လံ ရှာဖွေရာ ကျောင်းဝိုင်းအတွင်းရှိ အိမ်သာဆောက်ရန် တူးထားထာသော အလျား(၁၂)ပေ၊ အနံ (၆)ပေ၊ အနက်(၆)ပေခန့်ရှိ မိုးရွာ၍ရေပြည့်နေသော အိမ်သာဆားဗစ်ကျင်းအသစ်ထဲသို့ ပြုတ်ကျကာ ပြင်ပ ဒဏ်ရာ မရှိဘဲ သေဆုံးနေသည်ကို တွေ့ရှိရသောကြောင့် မတင်ဇာမိုးသေဆုံးခြင်းအား ဓမ္မတာအတိုင်း  သေ ဆုံးခြင်းဟုတ်/မဟုတ်စုံစမ်းစစ်ဆေးနိုင်ရန်ဆင်ပေါင်ဝဲမြို့နယ်၊ကိုးပင်နယ်မြေရဲစခန်း သေမှုသေခင်းအမှတ်စဉ် ၆/၂ဝ၁၅ ဖြင့် ရေးဖွင့်ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video