Thursday, September 24, 2015

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့ နေ့လည် (၁) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက် ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ ဆတ်သွား-အောင်လံကားလမ်း မိုင်တိုင်အမှတ် ၂၂၅/၄ အနီးတွင် ယာဉ် တိမ်းမှောက်ကြောင်းသတင်းအရ လဲဇင်ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများ နှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

 အောင်လံဘက်မှ ဆတ်သွားဘက်သို့ ဆင်ပေါင်ဝဲမြို့နယ်၊ ညောင်ပင်သာကျေးရွာနေ သက်ဇေယျာဝင်း (၃၉)နှစ်သည် နံပါတ်မပါ KENBO 125 အနက်စိမ်းပုတ်ရောင် ဆိုင်ကယ်နောက်တွင် စစ်ကိုင်းတိုင်းဒေ သကြီး၊ ရေဦးမြို့နယ်၊ ပုဏ္ဏကကျေးရွာနေ ဦးဝင်းစိုး (ခ)ဦးစိုးခန့်၊ ၄၆နှစ်အား တင်ဆောင်၍ မောင်းနှင် လာစဉ် အကွေ့၌အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိသစ်ပင်ငုတ်တိုအား ဝင် ရောက်တိုက်မိပြီး လမ်းယာဘက် သို့ လဲကျတိမ်းမှောက်ကာ သက်ဇေယျာဝင်းတွင် ဝဲ/ယာ နားထင် ပေါက်ပြဲဒဏ်ရာ၊ အပေါ်နှုတ်ခမ်း ပေါက်ပြဲ ဒဏ်ရာ၊ နှာခေါင်းသွေးထွက်ဒဏ်ရာဖြင့် အခင်းဖြစ်နေရာ တွင် သေဆုံးသွားခဲ့ပြီး နောက်မှလိုက်ပါလာသူ ဦးဝင်းစိုး(ခ)ဦးစိုးခန့်တွင် နဖူးပေါက်ပြဲဒဏ်ရာ၊ ယာမျက်ခုံးစွန်းပေါက်ပြဲဒဏ်ရာ၊ ဝဲဘက်နှုတ်ခမ်း အပေါ်ပေါက်ပြဲဒဏ်ရာများရရှိခဲ့သဖြင့် ဆိုင်ကယ်အား မဆင်မခြင်မောင်းနှင်သူ သက်ဇေယျာဝင်းအား ဆင်ပေါင်ဝဲမြို့နယ်၊ ကိုးပင်နယ်မြေရဲစခန်း ယာဉ်(ပ)၁၄/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ဝ၄-က/၃၃၈ အရ အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။ 



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video