Tuesday, September 15, 2015
1:44 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
အောင်လံ စက်တင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်တွင် စက်တင်ဘာလ (၁၄)ရက်နေ့၌ ဧရာဝတီမြစ်ရေသည်အောင်လံမြို့၏ စိုးရိမ်ရေမှတ် (၂၅၅၀)စင်တီမီတာတွင်(၂၅၂၉)စင်တီမီတာ၌
မြစ်ရေ၀င်ရောက်မှု ရပ်တံ့နေခဲ့သည် ။မြစ်ရေ၀င်ရောက်ခဲ့သော မြို့ပေါ်ရှိ မကျီးကုန်း ၊ ဈေးကုန်း ၊ သရက်တော ၊ ကန်ကြီး ၊ စမ်းချောင်း စက်ရုံရပ်ကွက်များနှင့် မိုးဖုန်း ၊ မြွေရိုး ၊ ရွှေသူဌေး ၊ အင်းပေါက် ၊ ရုံးဆိပ်ကျေးရွာများမှ ရေ၀င်အိမ်ထောင်စုပေါင်း(၅၆၄)လူဦးရေ(၂၅၂၉)ဦးတို့တွင် ရေ၀င်ပြီးနစ်မြုတ်ခြင်း
မရှိသေးသည့် အိမ်ထောင်စု(၁၀၇) လူဦးရေ(၅၇၈)ဦးတို့သည် မိမိတို့၏နေအိမ်များတွင် ဆက်လက်နေထိုင်လျှက်ရှိပြီး ၊ ရေနစ်မြုတ်၍ သက်ဆိုင်ရာဆွေမျိုးသားချင်းများ၏အိမ်များတွင် နေထိုင်
သော အိမ်ထောင်စု(၃၅၉) လူဦးရေ (၁၅၁၄)ဦးရှိသည် ၊ ရေနစ်မြုတ်၍ ကယ်ဆယ်ရေး စခန်းများတွင် နေထိုင်ကြရသောအိမ်ထောင်စု(၉၈)စု လူဦးရေ(၄၃၇)ဦးရှိပြီး အောင်လံမြို့နယ် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ်မှုဖြင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အထောက်အကူပြုအဖွဲ့ဝင်များ စေတနာရှင်ပြည်သူများမှ ကယ်ဆယ်ထောက်ပံ့ရေး လုပ်ငန်းများကိုပူးပေါင်းဆောင်ရွက်လျှက်ရှိကြောင်းသိရသည် ။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment