Tuesday, September 15, 2015


ဂန့်ဂေါ စက်တင်ဘာ ၁၄
ဂန့်ဂေါမြို့နယ် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင် စာရင်းများကို စက်တင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။ အဆိုပါမဲဆန္ဒရှင်စာရင်းမှာ နောက်ဆုံးအကြိမ် ထုတ် ပြန်ကြေညာသည့် မဲစာရင်းဖြစ်ပြီး ရပ်ကွက်/ကျေးရွာကော်မရှင်ရုံးများတွင် နှစ်ပတ်ကြာ စက်တင်ဘာ ၂၇ ရက် ထိ ကပ်ထားမည်ဖြစ်ကြောင်း သိရသည်။
မဲဆန္ဒရှင်စာရင်းတွင်မိမိအမည်မပါဝင်ခြင်းအတွက် လျှောက်ထားရန်၊မဲစာရင်းတွင် သေဆုံးပြီးသူများ၊
 ထောင်ကျနေသူများ ပါဝင်နေပါက ကန့်ကွက်ရန်၊ မဲစာရင်းတွင် အမည်၊ မှတ်ပုံတင်များ မှားယွင်းနေခြင်းအပြင် ယာယီသန်းခေါင်စာရင်းဖြင့် နေထိုင်သူများ၊ ကျူးကျော်နေထိုင်သူများသည် လက်ရှိနေထိုင်သည့်နေရာတွင် ဆန္ဒမဲပေးနိုင်ရေး အပါအဝင် သိသင့်သည့် အချက်များ၊ ဆောင်ရွက်ရန်တာဝန်များတို့ကို ထုတ်ပြန်ကြေညာ ထားသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video