Tuesday, September 15, 2015
1:45 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
ငဖဲ စက်တင်ဘာ ၁၄
ငဖဲမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၃၁)အုပ်စုနှင့် ရပ်ကွက်(၂) ရပ်ကွက်တို့တွင် နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲကြီး၌ မဲဆန္ဒရှင်နှင့် ပြည်သူများ အလွယ် တကူ မဲပေးနိုင်ရေးအတွက် ဒုတိယအကြိမ်မြောက် မဲစာရင်း ကြေညာခြင်းကို ယနေ့နံနက် ၆ နာရီမှညနေ၆နာရီအထိ နေ့စဉ်ကြေညာပေးသွားမည်ဖြစ်သည်။
ထိုသို့ဆောင်ရွက်ရာ မဲစာရင်းကြေညာရာနေရာများတွင် ရပ်ကျေးကော်မရှင် အဖွဲ့ဝင်များက မဲစာရင်းမပါသောသူများအား ပုံစံ- ၃ များဖြင့်ထုတ်ပေးခြင်း ကန့်ကွက်လိုလျင် ပုံစံ-၄ ထုတ်ပေးခြင်းနှင့်ပြင်ဆင်ရန် ပုံစံ ၄-ဂ တို့အားဆောင်ရွက်ပေးခြင်းတို့ကို ဆောင်ရွက် ပေးလျက် ရှိရာ စက်တင်ဘာ ၂၄ ရက်နေ့ညနေ ၆ နာရီအထိ ငဖဲမြို့နယ်တစ်မြို့နယ်လုံးတွင် ကြေညာကပ်ထား
မည်ဖြစ်ကြောင်းနှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးသန်းတင့်နှင့် အဖွဲ့ဝင် များကတာဝန်များ ခွဲဝေချထားပေးသည့်အတိုင်း (၁၄)ရက်တာကာလအတွင်းလိုက်လံစစ်ဆေး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment