Sunday, September 6, 2015


ကံမ စက်တင်ဘာ ၎
မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊ကံမမြို့နယ် ကျောက်ပဒေါင်းကျေးရွာတွင်နေထိုင်လျှက်ရှိသော
 ဖခင်ဦးထွန်းလင်းနိုင် နှင့် မိခင်ဒေါ်မြလေးတို့မှမွေးဖွားသော ၁၁ လသားအရွယ် မောင်လင်းလက်ထူး
(ခ)မောင်ရွှေထူးသည် မွေးဖွားလာစဉ်ကတည်းက ခြေလက်အင်္ဂါမပြည့်စုံသောဘ၀ဖြင့်လူ့လောက
ထဲသို့ဝင်ရောက်ခဲ့ရသည်။အဆိုပါကလေးငယ်၏ မိဘများသည် လက်လုပ်လက်စားများဖြစ်ကြ၍ လယ်ယာလုပ်ခင်းများတွင်အငှားလိုက်ဘ၀ဖြင့် ရပ်တည်ကြရသည်။မောင်ရွှေထူးမှာ ဒုတိယမြောက်သား
ဖြစ်ပြီး အစ်ကိုဖြစ်သူ ၇ နှစ်အရွယ်မောင်အောင်စည်သူမှာ ပထမတန်းတွင်ကျန်းမာစွာပညာသင်ကြား
လျှက်ရှိသည်။ ကလေးငယ်မှာ အင်္ဂါမစုံသော်လည်းသူ့ကိုယ်သူ မှောက်နိုင်ပြန်နိုင်ကြောင်း ကျန်းမာလျှက်
ရှိကြောင်း ၄င်းအားကိုယ်ဝန်ဆောင်စဉ်ကာလတွင်ကိုယ်ဝန်ဖျက်ချရန်လည်း မကြိုးစားခဲ့ကြောင်း မိမိ
မှာလည်းဖျားနာခြင်းများလည်းမရှိခဲ့ကြောင်း မိခင်ဖြစ်သူ ကပြောကြားခဲ့သည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video