ကံမ စက်တင်ဘာ ၅
မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊ကံမမြို့နယ်တွင်
တိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်မှုဖြင့်
ဒေါက်တာသန်းဦးဦးဆောင်သောအဖွဲ့သည်မြို့နယ်ကျန်းမာရေးဝန်ထမ်းများနှင့်ပူးပေါင်း၍ကျေးလက်နေပြည်သူ
များ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်အတွက် စက်တင်ဘာ ၃ ရက် ကခြောက်ပင်ကျေးရွာ ဓမ္မာရုံ၌
၎င်းကျေးရွာနှင့်နီးစပ်ရာကျေးရွာများမှ အထွေထွေရောဂါလူနာ ၄၈၇ ဦး၊ ခွဲစိတ်လူနာ ၂၅ ဦး၊ သွားနှင့်ခံတွင်း
လူနာ၄၅ ဦး စုစုပေါင်း ၅၅၇ဦးအားအခမဲ့ဆေးကုသပေးခဲ့သည်။စက်တင်ဘာ၎ရက်နေ့တွင် ပြောင်ကျ
ကျေးရွာနှင့်နီးစပ်ရာကျေးရွာများမှ အထွေထွေရောဂါလူနာ ၄၄၅ ဦး၊ ခွဲစိတ်လူနာ ၁၃ ဦး၊သွားနှင့်ခံတွင်း
လူနာ ၂၄ ဦး စုစုပေါင်း ၄၈၂ ဦးတို့အား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့ကြောင်းသိရသည်။
Sunday, September 6, 2015
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment