Sunday, September 6, 2015


 တောင်တွင်းကြီး စက်တင်ဘာ ၅
မကွေးတိုင်းဒေသကြီးတောင်တွင်းကြီးမြို့နယ်ကြက်ခြေနီအသင်းနှင့်အာရှစိမ်းလန်းဖွံ့ဖြိုးရေးဘဏ်တို့
ပူပေါင်း၍ကျောင်းကြက်ခြေနီရှေးဦးပြုစုခြင်းအခြေခံသင်တန်းဖွင့်ပွဲကိုမြို့မအခြေခံပညာအလယ်တန်းကျောင်းခွဲ
တွင်စက်တင်ဘာ ၅ ရက်နံနက် ၉ နာရီကကျင်းပသည်။အခမ်းအနားတွင်မြို့နယ်ကြက်ခြေနီအသင်းဥက္ကဌ
ဒေါက်တာအောင်းဇော်မိုးကအမှာစကားပြေားကြားခဲ့ပြီးအာရှစိမ်းလန်းဖွံ့ဖြိုးရေးဘဏ်ခွဲတာဝန်ခံဒေါ်လှလှရှိန်
ကသင်တန်းစရိတ်ပံ့ပိုးငွေကျပ်၃သိန်းအားပေးအပ်လှူဒါန်းရာမြို့နယ်ကြက်ခြေနီအသင်းဥက္ကဌမှလက်ခံရယူခဲ့
သည်ဆက်လက်၍ကြက်ခြေနီအသင်းတိုင်းဦးစီးမှူးပထမတန်းဦးကျော်နိုင်ဦးကမြို့မအခြေခံပညာ
အလယ်တန်းကျောင်းခွဲကျောင်းအုပ်ဆရာကြီးသို့ရှေးဦးပြုစုခြင်းဆေးသေတ္တာပေးအပ်ခဲ့သည်။
အဆ်ုပါသင်တန်းဖွင့်ပွဲသို့ဌာနဆိုင်ရာအကြီးအကဲများမြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌဒေါ်ခင်မို့မို့ထွန်းနှင့်

အဖွဲ့ဝင်များလူမှုရေးအသင်းအဖွဲ့များဆရာ/ဆရာမများသင်တန်းသားကျောင်းသားကျောင်းသူ(၅၀)ဦးတက်ရောက်
ခဲ့ပြီးစက်တင်ဘာ ၅ ရက်မှ ၇ ရက်အထိစာတွေလက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video