Sunday, September 6, 2015


ဆိပ်ဖြူ စက်တင်ဘာ ၅
မကွေးတိုင်ဒေသကြီးဆိပ်ဖြူမြို့နယ် ကိုးတောင့်ကျေးရွာအုပ်စု ၊တောင်ငယ်လုံးကျေးရွာနှင့်သံဇလုံကျေးရွာ
 နှစ်ရွာ၏ကြားသဲချောင်း ဘေးချုံပုတ်အတွင်းတွင် မွေးကင်းစ ကလေးငယ်အား စွန့်ပြစ်ထားမှုကို စက်တင်ဘာ ၅ရက်နေ့ နံနက်ပိုင်တွင် တွေ့ရှိခဲကြောင်းသိရှိရသည်။ကျေးပင်ချောင်းကျေးရွာနေ ဦးဖိုးဇော် နှင့် ဦးဝင်းစန်းအပါအ၀င်လူခုနှစ်ဦးဖွဲ့သည် နံနက်၇နာရီအချိန်ခန့် ထန်သားဖျင်းလုပ်ငန်းသွားရန်
တောထဲသို့သွားလမ်းငှက်ကောင်များ ပစ်စဉ် အဆိုပါနေရာ အနီးတွင်ကလေးငိုသံကို ကြားသိရ၍ လိုက်လံ

ရှာဖွေခဲ့ရာ ချက်ကြိုးမဖျက်ရသေးသော ကလေးငယ်(ယောက်ျားလေး) အား ဦးခေါင်းအား သစ်တုံဖြင့်
အုပ်လျက် ခန္ဓာကိုယ်မှာသဲတွင်းဖုံးလျက် အသက်ရှင်လျက် စွန့်ပြစ်ထားသည်ကိုတွေ့ရှိခဲ့ရကြောင်း
 ကလေးငယ်တွေ့ရှိသည် ဦးဖိုးဇော် နှင့် ဦးဝင်းစန်းအပါအ၀င်လူခုနှစ်ဦး အဖွဲသည် သက်ဆိုင်ရာ ကျေးရွာ
အုပ်စု အုပ်ချုပ်ရေးမှူးများထံသတင်ပို့ကာ ကျေးရွာတာဝန်ရှိသူများမှဆက်လက်၍မြို့နယ်သက်ဆိုင်ရာ
ဌာနများသို့ဆက်လက်တင်ပြပြီး ဖြစ်စဉ်နေရာ သို့ သက်ဆိုင်ရာ ဌာနများ ကျန်းမာရေးဌာနမှ သားဖွား ဆရာမများက သွားရောက်ကာ စွန်ပြစ်ခံကလေးငယ်အား ချက်ကြိုးဖျက်ခြင်းများဆောင်ရွက်ခြင်း
 ဆောင်ရွက်ကာ နံနက် ၈နာရီတွင် မြိုနယ်ပြည်သူ့ဆေးရုံသို့ပိုဆောင်ကာကလေးငယ်၏ကျန်းမာရေး
စောင့်ရှောက်မှုလုပ်ငန်းများကိုးမြို့နယ်ဆရာဝန်ကြီးနှင့်ဝန်ထမ်းများကဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါကလေးငယ်မှာ အသက်အန္တရယ်စိုးရိမ်ရဖွယ် မရှိကြောင်း ကလေးငယ်အားမကွေးတိုင်း ဒေသကြီး
 လူမှုဝန်ထမ်းဦးစီးဌာန၊ ကလေးပြုစုရေးဌာနသို့လွှဲပြောင်းပေးနိုင်ရေးတို့ကို မြို့နယ် အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနတို့မှညှိနှိုင်း စီစဉ်ဆောင်ရွက်လျက်ရှိပြီး မွေးကင်းစကလေးငယ်
စွန့်ပြစ် မိခင်အား ဖော်ထုတ်နိုင်ရေးကို ဆိပ်ဖြူမြို့နယ် မြို့မရဲစခန်းမ ဒုရဲအုပ်ကျော်စိုးခိုင်ဦးဆောင်သော တပ်ဖွဲဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်းသိရှိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video