မင်းတုန်း စက်တင်ဘာ ၉
မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းတုန်းမြို့တွင် ရဲတပ်ဖွဲ့ဝင်များ ရွေးကောက်ပွဲဆိုင်ရာ သိမှတ်ဖွယ်ရာ သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်(၈)နာရီက မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးတွင် ကျင်းပခဲ့ရာ မင်းတုန်းမြို့မ ရဲစခန်း၊ အလယ်ချောင်းနယ်မြေရဲစခန်း၊မြောက်ပြင်ရဲစခန်းမှ အရာရှိ၊အခြားအဆင့်၊တပ်ဖွဲ့ဝင်များမှ တက်ရောက်ကြသည်။
အဆိုပါ သင်တန်းတွင် ဒုရဲမှူး တင်ထွန်းအောင်က ၂၀၁၅ခုနှစ်၊ အထွေထွေရွေးကောက်ပွဲ လုံခြုံရေး အတွက် အပိုင်းအလိုက် အသေးစိတ် စီမံချက် ရေးဆွဲရန် တပ်ဖွဲ့ဝင်များအား တာဝန်ပေးအပ်မှု့ ဆက်သွယ်မှု့ အစီအမံများကို အသေးစိတ်ဆောင်ရွက်ရေးနှင့်လုံခြုံရေးကော်မတီ ဖွဲ့စည်းပြီး စနစ်တကျ တာဝန်ပေးအပ်ရေး နှင့် ရွေးကောက်ပွဲ ဥပဒေနှင့် ပြစ်မှု့များအား အငယ်ဆုံးတပ်ဖွဲ့ဝင်များနှင့် စာရေးအဆင့်ထိ သိရှိနိုင်အောင် ဆွေးနွေးပေးခဲ့သည်။
ထို့နောက် သင်တန်းဆရာများမှ ဘာသာရပ်အလိုက် သင်ခန်းစားများ ပို့ချပေးခဲ့သည်။အဆိုပါသင်တန်းမှာ စက်တင်ဘာ(၈)ရက်မှ (၁၁)ရက်အထိ ပို့ချ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

0 comments:
Post a Comment