Wednesday, September 9, 2015



ဆိပ်ဖြူ စက်တင်ဘာ ၈
မကွေးတိုင်းဒေသကြီး၊ဆိပ်ဖြူမြို့နယ်တွင်မြိုနယ်ရွေးကောက်ကော်မရှင်အဖွဲ့ခွဲ၊ရပ်ကွက်/ကျေးရွာရွေး
 ကောက်ပွဲကော်မရှင်အဖွဲခွဲများနှင့်ရွေးကောက်ပွဲဝင်မည်နိုင်ငံရေးပါတီများမှကိုယ်စားလှယ်များနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် များ၂၀၁၅ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များဆွေးနွေးပွဲကို စက်တင်ဘာ ၈ရက် နံနက်၁၀နာရီတွင် မြို့နယ်အထွထွေအုပ်ချုပ်ရေးဦးစီးဌာန ငွေသဲဖြူခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်မြင့်က အမှာ စကားပြော ကြားပေးခဲ့သည်။၎င်းနောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲဝင် မြို့နယ်ဥပဒေ အရာရှိ ဒေါ်မေသူအောင်က ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်မညွှန်ကြားချကှ်၁/၂၀၁၄ရှင်းလင်းခြင်း ၊မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးသိန်းအောင်က
ရွေးကောက်ပွဲဆိုင်ရာ လိုအပ်ချက်များနှင့် ပက်သတ်သည့်များကို ရှင်းလင်းဆွေးနွေး ခဲ့သည်။ဆက်လက်၍ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်များကပြန်လည်ဆွေးနွေး ခဲ့သည်။ မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်မြင့်က ၂၀၁၅ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေးတွက် အားလုံးပါဝင်ဆောင်ရွက်ရမည်ဖြစ်ပြီး နိုင်ငံရေး ပါတီများမှရွေးကောက်ပွဲဝင်ရောက်မည့် ကိုယ်စား လှယ်လောင်းများနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများပြည်ထောင်စုရွေးကောက်ပွဲကော်

 မရှင်မှညွှန်ကြားချက် ၁/၂၀၁၄ကို လိုက်နာဆောင်ရွက်ကြရန် နှင့်ကိုယ်စား လှယ်လောင်းများ မဲဆွယ်ခြင်းစုဝေဟောပြောရာတွင်အချင်းချင်းအပြန်အလှန် လေးစားကြရန် ဆွေးနွေဖြည်စွက်ပြောကြား ခဲ့ကြောင်းသိရှိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video