Wednesday, September 9, 2015


ချောက် စက်တင်ဘာ ၉ ရက်
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် စလေကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးမှ ကြီးမှူး၍ W.Com ရွှေဘိုမြို့မှ ဦးသန်းထိုက်ကျော်ဦးဆောင်ကာ ကွန်ပျူတာပညာဒါနသင်တန်းကို စက်တင်ဘာလ(၆)ရက်နေ့ က စလေပြည်တော်သာ စာကြည့်တိုက်တွင် ဖွင့်လှစ်သင်ကြားခဲ့ကြောင်းသိရှိရသည်။
ကွန်ပျူတာပညာဒါန သင်တန်းကို သင်တန်းသား(၃၅)ဦးတက်ရောက်၍ W.Comရွှေဘိုမှ ဆရာဦးသန်းထိုက်ကျော် ဦးဆောင်၍ သင်တန်း မှူးဦးအောင်နိုင်လင်း၊ နည်းပြဦးနေလင်းအောင် နှင့်ဦးအောင်မျိုးသူတို့မှ Excel(စာရင်းဇယားဖန်တီးခြင်း)၊ PowerPoint(တင်ပြချက်များ ဖန်တီးခြင်း)၊ Page Maker(ရုံးစာ၊ ဖိတ်စာ၊သတင်းစာ၊ကြော်ငြာ၊ စာစောင် ၊ဂျာနယ်၊မဂ္ဂဇင်းများပုံနှိပ်ခြင်း) စသည့် ပညာရပ်များကိုသင်ကြား
ပြသ၍ တနင်္လလာနေ့မှ သောကြာနေ့အထိ နံနက်(၇:၀၀)နာရီမှ ည(၉:၀၀)နာရီအတွင်း သင်တန်းသားတစ်ဦလျှင် မိမိကြိုက် နှစ်သက်သော အချိန်တွင်ရွေးချယ်တက် ရောက်နိုင်ပြီး သင်တန်းကာလ(၂)လကြာဖွင့်လှစ်သင်ကြားပေးမှာ ဖြစ်ကြောင်း၊သင်တန်းကြေးသင်တန်းသုံးစာရွက်စာ

တမ်း ကြေး၊လျှပ်စစ်မီတာခ၊သင်တန်းဆင်းလက်မှတ်ကြေးနှင့် သင်တန်း(၂)လစာအတွက် (၁၄၀၀၀)ပေးသွင်းပြီး သင်တန်းသားတစ်ဦး ကိုကွန်ပျူတာ (၁)လုံးဖြင့်မတတ်မချင်း အတတ်သင်ပေးပြီး၊ ဘွဲ့ရပြီးသူ၊ သင်တန်းအပြီးတိုင်သင်ကြား၍ထူးချွန်သူများအား ရွေးချယ်၍ အလုပ်ခန့်ထားပေး မည်ဖြစ် ကြောင်းသိရှိရသည်။
အဆိုပါသင်တန်းဖွင့်ပေးရခြင်းမှာ နိုင်ငံ့ဝန်ထမ်းအားလုံးနည်းပညာဆိုင်ရာများသင်ယူတတ်မြောက်စေရေး၊

 ကျေးလက်ဒေသအထိ နည်းပညာရပ်ဆိုင် ရာဘာသာရပ်များကို ပို့ချသင်ကြားပေးနိုင် ရေးနှင့် ပညာတတ်လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်း အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင် ရေးအတွက် နယ်လှည့်၍ ကွန်ပျူတာပညာ ဒါန ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ ယခင်က ကချင်ပြည်နယ်၊ ကယားပြည်နယ်၊စစ်ကိုင်းတိုင်းဒေသကြီးများတွင်သင်တန်းသား (၇၀၀၀)ကျော် ဖွင့်လှစ်သင်ကြားပေးခဲ့ ပြီးဖြစ်ကြောင်း၊ယခုမကွေးတိုင်းဒေသကြီးချောက်မြို့နယ် စလေကျေးရွာတွင်
 သင်တန်းသား(၃၅)ဦးဖွင့်လှစ်သင်ကြားပေးလျှက်ရှိကြာင်း။ ခရိုင်၊တိုင်းဒသကြီးနှင့် ပြည်နယ်များသို့ လှည့်လည်၍ သင်ကြားပေး သွားမည်ဖြစ်ကြောင်း သင်တန်းမှတာဝန်ရှိ  သူဦးအောင်မျိုးသူပြောကြား ချက်အရ သိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video