Saturday, August 1, 2015
5:12 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
ဆိပ်ဖြူ ဇူလိုင် ၃၁
မကွေးတိုင်ဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ဇူလိုင်၃၀ ရက်နေ့ ညပေိုင်းအချိန်တွင် မိုးအဆက်မပျက် ရွာသွန်းမှု ကြောင့် ဆိပ်ဖြူ-ဆော-ကန်ပက်လက် ကားလမ်း ဆိပ်ဖြူမြို့နှင့် (၇)မိုင်အကွာ
မြေကြမ်းတောကျေးရွာနှင့် ဂျုပ်ချောင်ကြီးကျေးရွာ အကြားရှိ ရေကျော် မိုးရေတိုက် စားမှုကြောင့် လမ်းပခုံးများပျက်စီး၍ ခရီးသွားပြည်သူ များ အန္တရာယ် ဖြစ်ပေါ်နိုင်သော ရေစားချောက်ဖြစ်ပေါ်
ခဲ့ကြောင်းသိရှိရသည်။
အဆိုပါ ရေစားချောက်ဖြစ်ပေါ်လာခြင်းကို မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် မြို့နယ်လမ်းဦးစီးဌာန ၊နှင်းသဇင်ဆောက်လုပ်ရေး ကုမ္ပဏီမှတာဝန်ရှိသူတို့ မှ ချက်ခြင်းသွားရောက် ခဲ့ကြပြီး ခရီးသွားပြည်သူများလမ်းအန္တရာယ် ကင်းဝေးစေရေးတွက်လမ်းလွှဲ များပြုလုပ်ပေးခဲ့သည်။ ဇူလိုင်(၃၁)ရက်နေ့တွင် အဆိုပါ ရေစားချောက်အား မြို့နယ်လမ်းဦးစီးဌာန(မြိုပြ) ဦးစီးအရာရှိ ဦးမိုးကျော်သူနှင့် ၀န်ထမ်းများ၊နှင်းသဇင်ဆောက်လုပ်ရေးကုမ္ပဏီ မှ တာဝန်ရှိသူတို့ သည် လမ်းပခုံးရေစားချောက်အား ဆက်လက်၍ မြေဖို့ ခြင်း သဲအိတ်များချထားခြင်း ရေစီးလမ်း လွှဲခြင်းလုပ်ငန်းများဆောင်ရွက်မှုတို့ ကို မြို့နယ်အုပ်ချုပ်ရေးမှူ ဦးဥာဏ်မျိုး၊ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး တို့ ကကြီးကြပ် ဆောင်ရွက်ရှိကြောင်းသိရှိရပြီး ခရီးသွားပြည်သူများ လမ်းအန္တရာယ်ကင်ရှင်းစွာ သွားရောက်နိုင်ရေးတွက် တစ်လမ်းမောင်းစနစ် ဆောင်ရွက်ပေးထားကြောင်း သတင်းရရှိသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment