ဆော သြဂုတ် ၁
ဂန့်ဂေါခရိုင် ဆောမြို့နယ်ဒေသတွင် မိုးရက်ဆက်ရွာသွန်းသဖြင့် ဆောချောင်းရေကြီးပြီး
ရေစီးကြောင်း ပြောင်းလဲတိုက်စားသွားသဖြင့် သီရိရပ်ကွက်နေ ဦးအောင်တင်၏ သွပ်မိုး၊ ပျဉ်ကာ၊ အင်္ဂတေခင်း နေအိမ်တစ်လုံး ဇူလိုင် ၃၀ ရက်ညက ဆောချောင်းအတွင်းသို့ မျောပါသွားသည်။
အဆိုပါနေရာသို့ ဆောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ထွန်း၊ တာဝန်ရှိဌာနဆိုင်ရာများ ရောက်ရှိ၍ ချောင်း နှင့်နီးစပ်သော လူနေအိမ်များ အန္တရာယ်ကင်းရေး ဘေးလွတ်ရာဆွေမျိုးများ၏ နေအိမ်များသို့
ပြောင်းရွှေ့နိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Saturday, August 1, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment