ဂန့်ဂေါ သြဂုတ် ၁
မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းခဲ့သည့်အတွက်
မြစ်သာမြစ်ရေ မြင့်တက်လာခဲ့ရာ သြဂုတ် ၁ ရက်နံနက်က ဂန့်ဂေါမြို့နယ် မြင်သားကျေးရွာ
မြစ်သာမြစ်ကမ်းအနီးရှိ သွပ်မိုး၊ ပျဉ်ကာနေအိမ်တစ်လုံး၊ သွတ်မိုး၊ကပ်ကာနေအိမ်တစ်လုံး၊ သွပ်မိုး၊ ပျဉ်ကာနေအိမ်နှစ်လုံး၊ ကပ်မိုး၊ကပ်ကာ နေအိမ်တစ်လုံးတို့အား မြစ်သာမြစ်ထဲသို့ မြောပါသွားခြင်း
မရှိစေရန် သင့်တော်သာနေရာသို့ ပြောင်းရွှေ့ကြ ရသည်။
ထို့ပြင် မြစ်သာမြစ်ရေတိုက်စားမှုကြောင့် ဇူလိုင် ၃၁ ရက်က ဂန့်ဂေါမြို့နယ် ပြင်သာရွာတွင် အခြေခံ ပညာအလယ်တန်းကျောင်း(ခွဲ)၊ နှစ်ခန်းတွဲစာသင်ဆောင် မျောပါသွားခဲ့ပြီး စာရေးခုံများအား ရေလွတ်ရာသို့ သယ်ယူပြောင်းရွှေ့ခဲ့ကြရသည်။ ထို့ပြင် မြစ်သာမြစ်အနီးတွင်နေထိုင်သူ နေအိမ်များအနက် သွတ်မိုး၊ ပျဉ်ကာ နေအိမ် ငါးလုံးအား ရေလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရကြောင်းနှင့် ကျေးရွာအတွင်းမှ တာဝန်ရှိသူများ၊ လူမှုရေး အသင်းအဖွဲ့ဝင်များတို့က လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြကြောင်း သိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment