Saturday, August 1, 2015






မကွေး   သြဂုတ်  
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ရေဘးသင့်ဒေသမှ ၀ါစိုက်ပျိုးတပ်မှ (အဘ) ဦးတင်ဝင်း၏ သမီး မမြင့်မိုရ်ဦး (အသက်)၁၃နှစ်(မစိုးရိမ်ရ)၊ ရွာသစ်ကျေးရွာမှ (အဘ) ဦးဝင်းမောင်၏ သား မောင်ဝင်းမင်းစိုး (အသက်)၃၂နှစ် အသည်းရောဂါ (မစိုးရိမ်ရ)၊ အနောက်ပိုင်းရပ်မှ (အဘ) ဦးစိတ်ကောင်၏ သမီး ဒေါ်တင်ဥ(အသက်)၇၈နှစ် ၀ဲဖက်ခြေသလုံးကျိုး(မစိုးရိမ်ရ)နှင့် ကျောင်းကုန်းကြီးကျေး ရွာမှ (အဘ) ဦးထွန်း၏ သမီး မခင်နှင်းဦး (အသက်)၂၂နှစ် အမျိုးသမီးရောဂါ(မစိုးရိမ်ရ) တို့အား ယနေ့နေ့လည် (၁၃း၃၀) အချိန်တွင် ပွင့်ဖြူမြို့မှ မကွေးမြို့သို့ တပ်မတော်ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ရာ မကွေးလေဆိပ်တွင် မကွေးခရိုင်ရဲတပ်ဖွဲ့မှူး၊ မကွေးမြို့နယ် အုပ်ချုပ်ရေးမှူး၊ တပ်မတော်ဆေးရုံနှင့် ကျန်းမာရေးဌာနမှ ဆရာဝန်များ၊ သူနာပြုများ၊ မီးသတ်ရဲဘော်များမှ အရေးပေါ်လူနာတင် ယာဉ်(၄)စီးဖြင့်မကွေးမြို့ သင်ကြားရေးဆေးရုံသို့ ပို့ဆောင်ကြပြီး သင်ကြားရေးဆေး ရုံမှ ဆရာဝန်/ဆရာမများနှင့် သူနာပြုများက ဆေးဝါးကုသပေးလျက်ရှိ ကြောင်းသိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video