Saturday, August 1, 2015
5:14 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
ရေနံချောင်း သြဂုတ် ၁
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်သူဌေးကုန်းကျေးရွာနှင့် ပွင့်ဖြူမြို့နယ် ငါးခြောက်ကုန်းကျေးရွာ၊
မြင်းခြံခုံ၊ ပေါက်ကုန်းကျေးရွာတို့တွင် သြဂုတ်လ ၁ရက်နေ့ကဧရာဝတီမြစ်ရေမြင့်တက်ဝင်ရောက်မှုကြောင့် လူနေအိမ်အချို့ရေနစ်မြုပ်မှုများဖြစ်ပေါ်လျှက်ရှိသည်။
အဆိုပါရေနစ်မြုပ်ရာကျေးရွာများသို့ မကွေးခရိုင်အုပ်ချုပ်ရေးမှူး၊ ရေနံချောင်းမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ဧ၇ာမင်း(၂) ဇက်ရေယာဉ်ဖြင့်
ရေဘေးသင့်ဒေသရှိ ပြည်သူများနှင့် တိရိစ္ဆာန်(နွား) များကိုရေနံချောင်းမြို့နယ်ဆားတိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း ကယ်ဆယ်ရွေ့ပြောင်းခြင်းလုပ်ငန်းများဆောင်ရွက်လျှက် ရှိကြောင်းသိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment