Thursday, August 6, 2015
3:22 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
ပခုက္ကူ သြဂုတ် ၎
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင်း ဧရာဝတီမြစ်ရေ လျှံတက်လာမှု ကြောင့်
ရေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးစခန်းများ ပြုလုပ်၍ ခရိုင်အုပ်ချုပ် ရေးမှူး ဦးကိုကိုလွင်နှင့် ခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်ကူပြုကော်မတီ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ဆရာတော်သံဃာတော်များဦးဆောင် သောလူမှုရေးအသင်းအဖွဲ့များ
မှရေဘေးသင့်ပြည်သူများအားကူညီဆောင်ရွက်လျက်ရှိ ကြောင်း သိရှိရသည်။
အဆိုပါအဖွဲ့အသီးသီမှ ရေဘေးသင့်ပြည်သူများအား ကူညီဆောင်ရွက်ပေးရာတွင် စေတနာရှင် အလှူရှင်များ၊ လူမှုရေးအသင်းအဖွဲ့များမှ လှူဒါန်းရရှိသော ထောက်ပံ့ ပစ္စည်းများကို သြဂုတ်လ ၄ ရက်နေ့တွင် ပခုက္ကူမြို့၊ မဟာစည်ရိပ်သာ မြဘေရီကျောင်း တိုက် ဆရာတော် ဦးစိန္တိတ နှင့် မြို့နယ်ဖွံ့/ထောက် ဥက္ကဌ ဦးရဲထွဋ်၊ မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ
ဒေါက်တာ ခင်ငယ်အောင် နှင့် ၀န်ထမ်းများ၊ မြို့နယ် ပြန်/ဆက် ၀န်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ
လိုက်ပါလျက် မြင်းဝင်းကျေးရွာ၊ အုပ်စုတွင် ဖွင့်လှစ်ထားသော ကယ်ဆယ်ရေးစခန်းများနှင့် မြို့စိုးကျေးရွာတွင်ဖွင့်လှစ် ထားသောကယ်ဆယ်ရေးစခန်းများသို့သွားရောကကာ ဆန်အိတ်များ၊
ယံယံခေါက်ဆွဲ ခြောက်ထုပ်များ၊ ရေသန့်ဘူးများ၊ မိုးကာမျာကို သွားရောက်လှူဒါန်းခဲ့ပြီး ဆရာတော်နှင့်အဖွဲ့သည်မြို့စိုးကျေးရွာအုပ်စု၊မယ်ဇလီပင်ကုန်းကျေးရွာအုပ်စု၊ ဆိက္ခ၀ကျေးရွာ
အုပ်စုများရှိ မြစ် ရေလျှံတက်သည့် ကျေးရွာနေပြည်သူများအား စက်လှေများဖြင့် ဆန်၊ ယံယံခေါက်ဆွဲ ခြောက်၊ ရေသန့်ဗူးများ ပေးအပ်ခဲ့ပြီးဆရာတော်နှင့် အဖွဲ့သည် သဘာဝဘေးအန္တရာယ် ဆိုင်ရာအသိပညာပေး၊ရေကျသွားချိန်တွင် ဖြစ်ပွားနိုင်သော ရောဂါကာကွယ်ရေးနည်းလမ်း များကို ဟောပြောခြင်း၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအသိပညာပေးလက်ကမ်း
စာ စောင်များကို ပေးအပ်ခဲ့ပြီး မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ရေးဘေးသင့်ပြည်သူ တို့ ၏ကျွဲ၊နွား များအား ကာကွယ်ဆေးများကို ကယ်ဆယ်ရေး စခန်းများတွင် ထိုးနှံခဲသည်။
မြစ်ရေလျှံတက်သည့်ကျေးရွာ များမှပြည်သူသည်နီးစပ်ရာပခုက္ကူမြို့နယ်၊ ပုဂံညောင်ဦး မြို့ နယ်တို့  သောက်ရေ၊သုံးရေတို့ ကို တစ်အိမ်လျင် ၅ဂါလံ ရေတစ်ပုံကျစီ သုံစွဲရကြောင်း ရေကိုရယူ သုံးစွဲနိုင်ရေးအတွက် ကျေးရွာ တာဝန်ရှိသူများက စက်လှေ များဖြင့်ဆောင်ရွက်ပေး လျက်ရှိကြောင်း ၊မြို့နယ်ကျန်းမာရေး ဌာမှ ၀န်ထမ်းများက ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး
လျက်ရှိကြောင်းသိရှိရသည်။
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment