Thursday, August 6, 2015
3:18 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
သရက် သြဂုတ် ၅
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ယမန်နေ့ ညနေ(၄း၃၀)နာရီ အချိန်တွင် သရက်ခရိုင်
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ဆွေနှင့် ၀န်ထမ်းများက ရေပေါ်ကျွန်းကျေးရွာနှင့် တောင်မင်းတည်းရပ်ကွက် မှဧရာဝတီမြစ်ရေမြင့် တက်လာမှု့ကြောင့်နေအိမ်များ ရေ၀င်နစ်မြုပ်၍ ပြောင်းရွှေ့နေ ထိုင်သည့် မိသားစုဝင်များ
အား မြစ်ရေကြီးမှု့ သတိပေးချက်များ၊ မိုးလေ၀သ သတင်းများကို အချိန်နှင့်တပြေးညီ
သိရှိစေရန်အတွက် ကယ်ဆယ်ရေးစခန်းဖွင့်ထားသည့်ရွှေမုဋောဓမ္မာရုံတွင် ရေဒီယိုတစ်လုံး၊ သဲတောကျေးရွာ ဓမ္မာရုံတွင်ရေဒီယိုတစ်လုံး နှင့် မုန့်တစ်ဖာ၊ရတနာမာန်အောင်ဘုရားတွင်
ရေဒီယိုတစ်လုံး လှူဒါန်းခဲ့သည်။အဆိုပါ မိသားစုများအား သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်
၍ဆောင်ရန်/ရှောင်ရန်များကို အသိပညာ ပေးဟောပြော၍ ရေးဘေးအသိပညာပေး စာစောင်များဖြန့်ဝေကာ စိုက်ပျိုးရေး၊ လူမှုရေး၊ပြည်သူ့နိတိ၊ ယဉ်ကျေးမှု၊ ကျန်းမာရေး၊ ဘာသာရေးစသည့်စာအုပ်များလှူဒါန်းခဲ့ကြောင်းသိရသည်။
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment