Thursday, August 6, 2015

၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၅ ရက်နေ့ ည (၈)နာရီခွဲ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ပခုက္ကူမြို့နယ်၊ ကင်းပွန်းခါးကျေးရွာတွင် လူတစ်ဦး ရေနစ်သေဆုံးကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ၅.၈.၂၀၁၅ ရက်နေ့ နေ့လည် (၁)နာရီ အချိန်ခန့်တွင် ပခုက္ကူမြို့နယ်၊ ကင်ပွန်းခါးကျေးရွာနေ မခင်ဝင်းမာ(ခ) ခင်ဝင်း (၅၀)နှစ်သည် ဧရာဝတီမြစ်ရေတက် နေသဖြင့် ဖခင်ဖြစ်သူ ဦးထွန်းကြည် (၇၅)နှစ်အား နေအိမ်တွင် တစ်ယောက်တည်း ထားခဲ့ပြီး ရွာထဲသို့ထွက်သွားခဲ့ရာ ရွာထဲမှပြန်လာစဉ် ဖခင်ဖြစ်သူမှာ နေအိမ် အပေါ်မှ နေအိမ်အောက် အနက်(၈)ပေခန့်ရှိသော ရေထဲသို့ ပြုတ်ကျ သေဆုံး နေသည်ကို တွေ့ရှိရသဖြင့် မည်သူ့မျှ သတင်းပို့ခြင်းမရှိဘဲ ကျေးရွာရှိ ဆွေမျိုးသားချင်းများနှင့်အတူ ညနေ (၄)နာရီအချိန်ခန့်တွင် ဦးထွန်းကြည်၏ အလောင်းအား ကင်ပွန်းခါးကျေးရွာသင်္ချိုင်း၌ မြေမြှုပ် သင်္ဂြိုလ် ခဲ့ကြောင်း စုံစမ်းသိရှိသဖြင့် ဦးထွန်းကြည် သေဆုံးခြင်းမှာ ဓမ္မတာအတိုင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် ၁၇/၂၀၁၅ ဖြင့် အမှုရေးဖွင့် ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိ ပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video