၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၄ ရက်နေ့ နံနက် (၁၁) နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်၊ နတ်မောက်မြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် နတ်မောက်မြို့၊ အောင်ဆန်းရပ်ကွက် ရှိ ဒေါ်ခင်သန်း၏ နေအိမ်တွင် နှစ်လုံးထီလောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ သက်သေများနှင့် အတူ မြို့နယ်ရဲတပ်ဖွဲ့မှူး၏ လောင်းကစားဖမ်းဝရမ်းအမှတ် (၈/၂၀၁၅) ဖြင့် ၀င်ရောက်ရှာဖွေရာ နေအိမ် အနောက်ဘက် ကပ်လျှက်ရှိ မီးဖိုဆောင်အတွင်းတွင် ဒေါ်ခင်သန်း၏ သမီးဖြစ်သူ မမြင့်ထွေး(၄၈)နှစ် ၊ မဟူး(ခ)မလွင်မာသန်း (၃၆)နှစ် နှင့် ဒေါ်ခင်သန်း၏ မြေးဖြစ်သူ မ၀ါ(ခ) မ၀ါဝါမြင့် (၃၀)နှစ်တို့ (၃)ဦး အား နှစ်လုံးထီ လောင်းကစားရာတွင် အသုံးပြုသော စာရွက်စာတမ်းများ၊ လောင်းကြေးငွေ ၁၃၀၀၀ိ/- တို့နှင့်အတူ တွေ့ရှိ ဖမ်းဆီးရမိသဖြင့် မမြင့်ထွေးပါ (၃)ဦးအား နတ်မောက်မြို့နယ်၊ မြို့မရဲစခန်း(ပ) ၁၁၇/၂၀၁၅၊ လောင်းကစား ဥပဒေပုဒ်မ ၁၅(က)/ ၁၆(က) အရ အမှုရေးဖွင့် ဆောင်ရွက်လျှက်ရှိ ကြောင်း သတင်းရရှိ ပါသည်။
Thursday, August 6, 2015
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment