Thursday, August 6, 2015



ချောက် သြဂုတ် ၅ ရက်
စွမ်းအင်ဝန်ကြီးဌာနပိုင် ဆင်ပြောင် (၁၁ )ရေယာဉ် နှင့် ဧရာမင်း -၂ ဇက်ရေယာဉ် (၂)စီးသည် မကွေးခရိုင် ရေနံချောင်းမြို့နယ် တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ရေနံချောင်း မြို့နယ်နှင့်ပွင့်ဖြူမြို့နယ်မှ ရေဘေး
သင့်ပြည်သူများနှင့်ကျွဲ၊နွားတိရစ္ဆာန် များအား ရေဘေးလွတ်ရာရေနံချောင်းမြို့နယ်သို့ သြဂုတ်လ ၁ ရက် နေ့မှစ၍ သြဂုတ်လ ၄ ရက်နေ့ထိ လူဦးရေ ၄၂၂ ဦး၊ ကျွဲ၊နွား ၆၉၈ ကောင် ၊ဝက် ၁ ကောင် တို့အား ကယ်ဆယ်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း နှင့် ရေဘေးသင့်ပြည်သူများအား ဆက်လက်ကူ ညီဆောင်ရွက်သွားရန် စွမ်းအင်ဝန်ကြီးဌာနမှ ညွှန်ကြားထားကြောင်း ချောက်မြို့နယ် ရေနံသယ်/ဖြန့်ဌာန မှ တာဝန်ခံအရာရှိ ဦးလူဇော် ပြောကြားချက်အရသိရှိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video