ဂန့်ဂေါ သြဂုတ် ၎
ဂန့်ဂေါမြို့နယ် ကန်သာရွာအနိမ့်ပိုင်းတွင် နေထိုင်ကြသည့် ၅၄ အိမ်ထောင်စုတို့မှ မိသားစုများသည် ဇူလိုင် ၃၁ရက်က မြစ်သာမြစ်ရေမြင့် တက်ကာ နေအိမ်များသို့ ရေဝင်သဖြင့် ကျေးရွာဘုန်းတော်ကြီးကျောင်းသို့
ပြောင်းရွှေ့နေထိုင်ကြရာမှယခုအခါတွင် မြစ်ရေလျှော့ကျသွားပြီဖြစ်သည့်အတွက် သြဂုတ် ၃ ရက်မှစတင် ကာမိမိတို့နေအိမ်များသို့ ပြန်လည်ပြောင်းရွှေ့နေထိုင်ကြပြီဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဂန့်ဂေါမြို့နယ် ပြင်သာရွာ အ လ က (ခွဲ) ၁၂၀ ပေ၊ ၃၀ ပေရှိ အဆောင်(၁) သွပ်မိုး ၊ အုတ်ကာ၊ ကွန်ကရစ်ခင်းနင့် ၁၂၀ ပေ၊ ၃၀ ပေရှိ အဆောင်(၂) သွပ်မိုး၊ အုတ်ကာ၊ အုတ်ခင်းတို့ တန်ဖိုးငွေကျပ် စုစုပေါင်း ၈၆ ဒသမ ၄ သန်းမှာ့ မြစ်သာမြစ်ရေတိုက်စားသွားသဖြင့် အဆိုပါကျောင်းရှိ
ကျောင်းသား၊ကျောင်းသူ၁၅၃ဦးတို့ပညာဆက်လက်သင်ကြားနိုင်ရေးအတွက် ယာယီကျောင်းဆောင် ဆောက်လုပ်နိုင်ရေး မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ပညာရေးဌာန၊ သဘာဝဘေးအန္တရာယ်ကာကွယ်တားဆီးရေး၊ ကာကွယ်ရေး နှင့်ပြန်လည် နေရာချထားရေးအဖွဲ့များ သြဂုတ် ၃ ရက်က ကွင်းဆင်းညှိနှိုင်းဆောင်ရွက်ကြကြောင်း သိရသည်။
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment